ပြီးခဲ့တဲ့လပိုင်းတုန်းက Xiaomi ကနေ Mi Note 10 တဖြစ်လဲ Mi CC9 Pro စမတ်ဖုန်းနဲ့ ပထမဆုံးသော 108MP Camera ဖုန်းအဖြစ် စျေးကွက်ထဲကိုမိတ်ဆက်ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုလည်း 192MP Camera Sensor ပါဝင်တဲ့စမတ်ဖုန်းကို မကြာခင်မှာတွေ့မြင်တော့မှာပါ။

ဘာကြောင့်လည်းဆိုရင် နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ လာမယ့် မေလအတွင်းမှာ 192MP Sensor ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကိုတွေ့မြင်ရမှာဖြစ်တယ်လို့ ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် Processor အနေနဲ့ Qualcomm Snapdragon 765G (SM7250) ကို အသုံးပြုထားမယ်လို့ ဆိုထားတဲ့အတွက် Flagship ဖုန်းအစား High End ဖုန်းတစ်လုံးပဲဖြစ်လာမှာပါ။

ဒါပေမယ့်လည်း Digital Chat Station ကနေ ဘယ်စမတ်ဖုန်းကုမ္ပဏီကနေ အဆိုပါ 192MP Camera Sensor နဲ့ဖုန်းကို မိတ်ဆက်သွားမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ Samsung ကနေ 150MP 1″ Sensor ကို ထုတ်လုပ်နေတယ်လို့တော့ အတည်ပြုထားပြီး Xiaomi ကလည်း အစောဆုံးအနေနဲ့ ထုတ်လုပ်သွားမယ်လို့ ပြောကြားထားတဲ့အတွက် Xiaomi ကနေပဲ 192MP Sensor သုံးထားတဲ့ စမတ်ဖုန်းကို မိတ်ဆက်လာနိုင်ပါတယ်။

တခြားသော 192MP Camera Sensor နဲ့ ပတ်သက်တဲ့သတင်းတွေကိုတော့ အတိအကျမသိသေးပေမယ့် Nonapixel Binning ဖြစ်တဲ့ 9-in-1 Pixel Binning ကိုအသုံးပြုပြီးတော့ 21MP ဓါတ်ပုံတွေအနေနဲ့ထုတ်ပေးသွားမှာပါ။ ဘာပဲဖြစ်ဖြစ် စမတ်ဖုန်းတွေရဲ့ Camera က အခုအချိန်မှာ အပြိုင်အဆိုင် ပြင်းထန်နေပြီဖြစ်ပါတယ်။

Ref – GSM Arena