Huawei ဟာ စက်တင်ဘာလ ၆ ရက်နေ့မှာ Mate 50 Series ကို ကြေညာမှာ ဖြစ်ပြီး အနည်းဆုံး ဖုန်း ၄ လုံး ပါလာနိုင်ပါတယ်။ အခုတော့ အရင်နှစ် ဒီဇင်ဘာလက ကြေညာခဲ့တဲ့ Huawei P50 Pocket ရဲ့ မျိုးဆက်သစ် Foldable ဖုန်းရဲ့ ဓါတ်ပုံတွေကို Chinese Wireless Authority က မျှဝေထားပါတယ်။

အဲဒီ ဖုန်းရဲ့ မော်ဒယ်နံပါတ်က BAL-AL80 ဖြစ်ပြီး Huawei ရဲ့ ဒုတိယမြောက် Clamshell Foldable ဖုန်း ဖြစ်လာမှာပါ။  4,260mAh ဘက်ထရီ ပါမယ်လို့ ဖော်ပြထားပြီး တခြား Specs တွေကို မဖော်ပြထားပါဘူး။

အရောင် ၂ ရောင် ပါတဲ့ ဒီဇိုင်း ဖြစ်ပြီး ဖန်နဲ့ သားရေကို တွဲဖက် သုံးထားနိုင်ကာ ကင်မရာ ၃ လုံးကို မြင်ရပါတယ်။ အရင်မျိုးဆက် P50 Pocket မှာ 40MP Main , 13MP Ultrawide နဲ့ 32MP ကင်မရာ ၃ လုံး ထည့်သွင်းထားတာပါ။

နောက်ထပ် တခြား Huawei ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာပြီး မော်ဒယ်နံပါတ်က CHA-AL80 ဖြစ်ပါတယ်။ စွမ်းရည်သင့် ဖုန်း ဖြစ်နိုင်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 3,900mAh ဘက်ထရီ ပါလာမှာပါ။

အဲဒီ ဖုန်း ၂ လုံးမှာ HarmonyOS မောင်းနှင်ထားမှာ ဖြစ်ပြီး Huawei ဟာ 5G အစိတ်အပိုင်းတွေ မရတဲ့အတွက် 4G ပဲ ပါလာမှာပါ။

အဲဒီ Foldable ဖုန်း အသစ်ကို Mate 50 Series မိတ်ဆက်ပွဲမှာ ချပြမလားဆိုတာ မသေချာသေးပါဘူး။

Ref : gsmarena