ဖုန်း ကုမ္ပဏီတွေဟာ စွဲဆောင်မှုရှိတဲ့ အရောင် အသစ်တွေကို ဖန်တီး ရောင်းချလေ့ ရှိပါတယ်။ အခုလည်း Huawei P40 Pro ရဲ့ အရောင် အသစ် ၁ ခုအကြောင်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ P40 Pro ကို ဒီနှစ် အစောပိုင်းက ကြေညာခဲ့ပြီး Silver Frost, Blush Gold,  Deep Sea Blue, Ice White နဲ့ Black ၅ ရောင်သာ ထုတ်လုပ်ရောင်းချထားပါတယ်။ အခုထွက်ပေါ်လာတဲ့ Aurora Green အရောင်ကိုတော့ စျေးကွက်ထဲမှာ ရောင်းချခဲ့ခြင်း မရှိပါဘူး။

ဒီသတင်းကို Bald Plus က ဝီဘိုမှာ မျှဝေထားတာ ဖြစ်ပါတယ်။ Huawei P40 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အဲဒီဖုန်းမှာ ၆.၅၈ လက်မ 2640x1200p မျက်နှာပြင် ထည့်သွင်းထားပြီး OLED မျက်နှာပြင်ကွေးနဲ့ 90Hz Refresh Rate ပါပါတယ်။

Huawei P40 Pro Aurora Green

Kirin 990 5G Chip မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။ Storage အပိုင်းမှာ 128GB ကနေ 512GB အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS), 12MP Telephoto (5x Optical Zoom) , 40MP Ultrawide Angle , 3D ToF ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 32MP Main , Infrared 3D ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

Huawei P40 Pro မှာ 4200mAh ဘက်ထရီနဲ့ 40W Fast Wired Charging , 27W Fast Wireless Charging အပြင် Reverse Wireless Charging တွေ  ပါလာပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ IP68 စံနှုန်း ပါတဲ့အတွက် ရေစိုခံပါတယ်။

Ref : gizmochina