Zawgyi

Google ကေနၿပီး Pixel 3 XL ရဲ႕ တန္ဖိုးနည္း ဗားရွင္းျဖစ္တဲ့ Pixel 3 Lite XL ကို ထုတ္မယ္လို႔ သတင္းေတြထြက္ေနခဲ့တာပါ။ ေကာလာဟလေတြအရ Pixel 3 Lite XL မွာ RAM 6GB ထိ ပါဝင္လာမယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။ 6GB RAM ဆိုတဲ့ ပမာဏဟာ Pixel 3 XL ရဲ႕ 4GB RAM ထက္ ပိုမ်ားေနတာေၾကာင့္ Lite ဗားရွင္းမွာ ပိုမ်ားတဲ့ RAM ထည့္ေပးမယ္ဆိုတာ အနည္းငယ္ေတာ့ ထူးဆန္းေနခဲ့ပါတယ္။ အခုထြက္ေပၚလာတဲ့ GeekBench Leak တစ္ခုအရေတာ့ Pixel 3 Lite XL မွာ 6GB RAM မပါတဲ့အျပင္ နာမည္ပါ ကြဲျပားေနတာကို ေတြ႕ရပါၿပီ။

ျမင္ရတဲ့အတိုင္းပဲ Pixel 3 Lite XL ရဲ႕ နာမည္ဟာ Pixel 3a XL ျဖစ္ၿပီး RAM ပမာဏ ကလည္း 4GB ပဲ ပါဝင္တာ ေတြ႕ရပါတယ္။ Operating System အျဖစ္ Android 9, Pie နဲ႕ ေမာင္းႏွင္ထားၿပီး အသုံးျပဳထားတဲ့ ပရိုဆက္ဆာကေတာ့ 1.71GHz အျမန္ႏႈန္းရွိတဲ့ Core ရွစ္လုံးပါတဲ့ ပရိုဆက္ဆာျဖစ္ပါတယ္။ အခ်က္အလက္ေတြအရ အဆိုပါ ပရိုဆက္ဆာဟာ Snapdragon 845 မျဖစ္နိုင္ပဲ Super Mid-range ဖုန္းေတြမွာ ေတြ႕ရေလ့ရွိတဲ့ Snapdragon 710 ျဖစ္နိုင္ပါတယ္။

အဆိုပါ Pixel 3a XL ရဲ႕ Single-core GeekBench ရမွတ္ 1640 ရထားၿပီး Multi-core GeekBench ရမွတ္ကေတာ့ 4973 ထိရရွိထားပါတယ္။ Pixel 3a XL မွာ ေအာ္ရီဂ်င္နယ္ Pixel 3 XL ရဲ႕ ကင္မရာအမ်ိဳးအစားပဲ တပ္ဆင္ေပးထားနိုင္ၿပီး Super Res-zoom နဲ႕ Night Mode လို နာမည္ႀကီး ကင္မရာ နည္းပညာေတြ အကုန္ပါဝင္လာမွာပါ။ Pixel 3 XL လိုပဲ စတီရီယို စပီကာေတြ ပါဝင္လာမွာျဖစ္ၿပီး 3.5mm နားက်ပ္ေပါက္လည္း ပါဝင္လာနိုင္ဖြယ္ ရွိပါတယ္။

Pixel 3a XL ကို သူ႕ရဲ႕ အ႐ြယ္အစားေသး ဗားရွင္းျဖစ္တဲ့ Pixel 3a (ေခၚ) Pixel 3 Lite နဲ႕အတူ ၂၀၁၉ ႏွစ္လယ္ မေရာက္ခင္မွာ မိတ္ဆက္မွာပါ။ Pixel 3XL ေလာက္ ေစ်းမႀကီးပဲ Pixel 3XL ရဲ႕ ကင္မရာ လုပ္ေဆာင္ခ်က္ေတြကို အသုံးျပဳနိုင္မွာမို႔ မိုဘိုင္းကင္မရာ သမားေတြအတြက္ သတင္းေကာင္းပါပဲ။

Ref: Giz China

Unicode

RAM 4GB နဲ့ အတူ မတူညီတဲ့ နာမည်တစ်မျိုးနဲ့ GeekBench ပေါ်ရောက်လာတဲ့ Pixel 3 Lite XL

Google ကနေပြီး Pixel 3 XL ရဲ့ တန်ဖိုးနည်း ဗားရှင်းဖြစ်တဲ့ Pixel 3 Lite XL ကို ထုတ်မယ်လို့ သတင်းတွေထွက်နေခဲ့တာပါ။ ကောလာဟလတွေအရ Pixel 3 Lite XL မှာ RAM 6GB ထိ ပါဝင်လာမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ 6GB RAM ဆိုတဲ့ ပမာဏဟာ Pixel 3 XL ရဲ့ 4GB RAM ထက် ပိုများနေတာကြောင့် Lite ဗားရှင်းမှာ ပိုများတဲ့ RAM ထည့်ပေးမယ်ဆိုတာ အနည်းငယ်တော့ ထူးဆန်းနေခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့ GeekBench Leak တစ်ခုအရတော့ Pixel 3 Lite XL မှာ 6GB RAM မပါတဲ့အပြင် နာမည်ပါ ကွဲပြားနေတာကို တွေ့ရပါပြီ။

မြင်ရတဲ့အတိုင်းပဲ Pixel 3 Lite XL ရဲ့ နာမည်ဟာ Pixel 3a XL ဖြစ်ပြီး RAM ပမာဏ ကလည်း 4GB ပဲ ပါဝင်တာ တွေ့ရပါတယ်။ Operating System အဖြစ် Android 9, Pie နဲ့ မောင်းနှင်ထားပြီး အသုံးပြုထားတဲ့ ပရိုဆက်ဆာကတော့ 1.71GHz အမြန်နှုန်းရှိတဲ့ Core ရှစ်လုံးပါတဲ့ ပရိုဆက်ဆာဖြစ်ပါတယ်။ အချက်အလက်တွေအရ အဆိုပါ ပရိုဆက်ဆာဟာ Snapdragon 845 မဖြစ်နိုင်ပဲ Super Mid-range ဖုန်းတွေမှာ တွေ့ရလေ့ရှိတဲ့ Snapdragon 710 ဖြစ်နိုင်ပါတယ်။

အဆိုပါ Pixel 3a XL ရဲ့ Single-core GeekBench ရမှတ် 1640 ရထားပြီး Multi-core GeekBench ရမှတ်ကတော့ 4973 ထိရရှိထားပါတယ်။ Pixel 3a XL မှာ အော်ရီဂျင်နယ် Pixel 3 XL ရဲ့ ကင်မရာအမျိုးအစားပဲ တပ်ဆင်ပေးထားနိုင်ပြီး Super Res-zoom နဲ့ Night Mode လို နာမည်ကြီး ကင်မရာ နည်းပညာတွေ အကုန်ပါဝင်လာမှာပါ။ Pixel 3 XL လိုပဲ စတီရီယို စပီကာတွေ ပါဝင်လာမှာဖြစ်ပြီး 3.5mm နားကျပ်ပေါက်လည်း ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

Pixel 3a XL ကို သူ့ရဲ့ အရွယ်အစားသေး ဗားရှင်းဖြစ်တဲ့ Pixel 3a (ခေါ်) Pixel 3 Lite နဲ့အတူ ၂၀၁၉ နှစ်လယ် မရောက်ခင်မှာ မိတ်ဆက်မှာပါ။ Pixel 3XL လောက် စျေးမကြီးပဲ Pixel 3XL ရဲ့ ကင်မရာ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာမို့ မိုဘိုင်းကင်မရာ သမားတွေအတွက် သတင်းကောင်းပါပဲ။

Ref: Giz China