Google ဟာ Pixel 6 Series စမတ်ဖုန်းတွေကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ Marketing Website တစ်ခုဖြစ်တဲ့ Carphone Warehouse ကနေ Pixel 6 ဖုန်းနဲ့ သက်ဆိုင်တဲ့ Marketing Information တွေကို EV Leaks ကနေတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ Information ကနေ Pixel 6 ရဲ့ Information တွေအများအပြားသကို သိရှိခဲ့ရပြီး တစ်ချက်ကတော့ Pixel 6 ဟာ USB-C ကနေတစ်ဆင့် 30W Fast Charging အထိ Support ပေးထားမှာဖြစ်ပါတယ်။ ဒါက ယခင် Pixel ဖုန်းတွေတုန်းက Support ပေးထားတဲ့ 18W Fast Charging နဲ့ယှဥ်ရင် သိသိသာသာကို ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Pixel Stand Wireless Charging Stand ကိုလည်း ထုတ်ပေးထားမှာဖြစ်ပြီး 21W Wireless Charging ကိုပါ Support ပေးနိုင်မှာပါ။

နောက်ထပ်တစ်ခုကတော့ Performance ပိုင်းဖြစ်ပြီး Google ရဲ့ ပြောကြားချက်အရတော့ Pixel 6 မှာပါဝင်တဲ့ ကိုယ်ပိုင် Tensor Chip ဟာ ယခင်ထက် ၈၀ ရာခိုင်နှုန်းခန့် ပိုပြီး မြန်ဆန်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့် ယခင် Qualcomm Snapdragon 765G Chipset ကို အသုံးပြုထားတဲ့ Pixel 5 ထက် ၈၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်တာကိုပဲ ပြောချင်ပုံရပါတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေဟာ Google အတွက်တော့ ပထမဆုံး ကိုယ်ပိုင် Chipset ကို အသုံးပြုထားတဲ့ဖုန်းတွေဖြစ်သလို Design ပိုင်း၊ Camera ပိုင်းတွေလည်း အဆင့်မြှင့်တင်ထားတာကြောင့် ကျိန်းသေပေါက်စောင့်ကြည့်သင့်တဲ့ ဖုန်းတွေလို့တောင် သတ်မှတ်ရမှာပါ။

Ref – 9to5Google