ဧပြီလ ၆ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့တဲ့ Poco F5 ကို မေလ ၉ ရက်နေ့ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Poco က အတည်ပြုလိုက်တာ ဖြစ်ပြီး အဲဒီနေ့မှာပဲ Poco F5 Pro ကိုပါ ချပြမှာပါ။

Poco က F5 နဲ့ F5 Pro ရဲ့ Specs Sheet ကို မပြောသေးပေမယ့် Qualcomm ရဲ့ အိန္ဒိယ ဌာနက Poco F5 မှာ Snapdragon 7+ Gen 2 SoC မောင်းနှင်ထားမယ်လို့ အတည်ပြုထားပါတယ်။ Poco F5 ဟာ SD7+ Gen 2 Chipset နဲ့  အိန္ဒိယမှာ ပထမဆုံး ရောင်းချတဲ့ စမတ်ဖုန်း ဖြစ်လာမှာပါ။

Poco ရဲ့ အိန္ဒိယ ဌာနက Poco F5 ရဲ့ ဒီဇိုင်းကို ပြသထားပြီး အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ကုမ္ပဏီက Poco F5 Pro ရဲ့ ဓါတ်ပုံကိုတော့ မပြသသေးပါဘူး။

ပေါက်ကြားသတင်းတွေအရ Poco F5 ဟာ Redmi Note 12 Turbo Version ၁ မျိုး ဖြစ်ပြီး Poco F5 Pro ကတော့ Redmi K60 ကို အမည်ပြောင်းထားတာ ဖြစ်နိုင်ပါတယ်။ Poco F5 မှာ Snapdragon 7+ Gen 2 SoC နဲ့ Poco F5 Pro မှာ Snapdragon 8+ Gen 1 Chip မောင်းနှင်ထားနိုင်ပါတယ်။

လက်ရှိမှာ Poco F5 နဲ့ Poco F5 Pro ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ပိုမိုထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena