Poco က မေလ ၉ ရက်နေ့မှာ Poco F5 နဲ့ Poco F5 Pro ကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ရက်အနည်းငယ်က ပြောခဲ့ပါတယ်။

အခုတော့ ကုမ္ပဏီက Pro မော်ဒယ်မှာ WQHD+ မျက်နှာပြင်ပြားပါလာမှာ ဖြစ်ပြီး ဆဲလ်ဖီးကင်မရာအတွက် မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားမယ်လို့ အတည်ပြုလိုက်ပါတယ်။

Poco က မျှဝေထားတဲ့ ဓါတ်ပုံမှာ F5 Pro ရဲ့ ညာဘက်မှာ ပါဝါ ခလုတ်၊ အသံခလုတ် တပ်ဆင်ထားပြီး အောက်ခြေမှာ USB-C Port နဲ့ SIM Card Slot ၊ မိုက်ကရိုဖုန်း၊ စပီကာ ပါပါတယ်။

Poco က F5 Pro ရဲ့ အနောက်ဘက်ကို မပြသသေးပေမယ့် ရိုးရိုး F5 ကို ပြသထားပြီး အနောက်ဘက်ဟာ Redmi Note 12 Turbo နဲ့ တူညီနေပါတယ်။အနောက်ကင်မရာ ၃ လုံးထဲမှာ 64MP ပါနေပါတယ်။

Poco F5 မှာ Snapdragon 7+ Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Redmi Note 12 Turbo ကို အမည်ပြောင်းထားတာ ဖြစ်နိုင်ပါတယ်။

Poco F5 Pro ကတော့ Snapdragon 8+ Gen 1 Chip ပါတဲ့ Redmi K60 ကို အမည်ပြောင်းထားတာ ဖြစ်နိုင်ပါတယ်။

Ref: gsmarena