အရင်နှစ်ထုတ် Poco F5 နဲ့ F5 Pro ဟာ လူကြိုက်များတဲ့ စွမ်းရည်သင့် ဖုန်းတွေ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက နောက်မျိုးဆက် F6 နဲ့ F6 Pro ကို ကြေညာလိုက်ပါတယ်။

Poco F6 မှာ စွမ်းရည်မြင့် Snapdragon 8s Gen 3 Chipset ထည့်ထားပြီး Base Configuration က 8/256GB ဖြစ်ပြီး 12/512GB ကိုလည်း ထုတ်လုပ်ထားပါတယ်။

Poco F6 မှာ 6.67” OLED 1.5K Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 2,400 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ IP64 ရေစိုခံစံနှုန်း ပါလာပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ 50MP (OIS) , 8MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

စတီရီယို စပီကာတွေ ပါလာပေမယ့် နားကြပ်ပေါက် မပါလာပါဘူး။ NFC နဲ့ IR Blaster ထည့်သွင်းထားပြီး 90W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။ Poco F6 ရဲ့ 8/256GB ကို ၃၈၀ ဒေါ်လာနဲ့ 12/512GB ကို ၄၃၀ ဒေါ်လာ သတ်မှတ်ထားပြီး အိန္ဒိယမှာ ဒီလ ၂၉ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena