Poco F6 ကို မေလ ၂၃ ရက်နေ့ တရားဝင် ကြေညာမှာ ဖြစ်ပြီး အခုတော့ Xiaomi က အဲဒီဖုန်းမှာ Qualcomm Snapdragon 8s Gen 3 Chipset ပါမယ်လို့ အိန္ဒိယက ပွဲ တစ်ခုမှာ အတည်ပြုလိုက်ပါတယ်။ Snapdragon 8s Gen 3 Chipset ပါတဲ့ အိန္ဒိယရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

POCO F6 With Snapdragon 8s Gen 3 Launching on May 23 - Smartprix

Poco F6 မှာ OIS ထောက်ပံ့တဲ့ 50MP Main ကင်မရာ ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ဖုန်း ဒီဇိုင်းက ဧပြီလမှာ တရုတ်မှာ ကြေညာခဲ့တဲ့ Redmi Turbo 3 နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။ Redmi Turbo 3 မှာ 6.67” OLED Display တပ်ဆင်ထားပြီး 1220p Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 50MP Main ကင်မရာ (LYT-600) နဲ့ 8MP Ultrawide ကင်မရာ တပ်ဆင်ထားပြီး 90W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

POCO F6 first to be powered by Snapdragon 8s Gen 3 in India

Redmi Turbo 3 အတွက် LPDDR5X RAM နဲ့ 256GB/512GB/1TB UFS 4.0 storage ထည့်သွင်းပေးထားပြီး Poco F6 အတွက် တူညီတဲ့ Memory Configuration ပါလာမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena