Redmi 13C 5G ကို ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယမှာ ကြေညာခဲ့ပြီး Tipster Kacper Skrzypek က အဲဒီဖုန်းကို တချို့နိုင်ငံတွေမှာ Poco M6 5G အမည်နဲ့ ရောင်းချမယ်လို့ ပြောပါတယ်။

Xiaomi announces Redmi 13C 5G with new chip, 50 MP dual camera - GSMArena.com news

Redmi 13C 5G ကို အိန္ဒိယမှာလည်း Poco M6 5G အမည်နဲ့ ရောင်းချနိုင်ပါတယ်။ Xiaomi ဟာ Redmi Series စမတ်ဖုန်းတွေကို အာရှ နိုင်ငံတွေမှာ Poco ဖုန်း အဖြစ် ပြန်လည် ရောင်းချလေ့ရှိပါတယ်။ အိန္ဒိယမှာ ဩဂုတ်လက ကြေညာခဲ့တဲ့ Poco M6 Pro ဟာ အဲဒီ နိုင်ငံမှာ အဲဒီလက ကြေညာခဲ့တဲ့ Redmi 12 5G ကို အမည်ပြောင်းထားတာပါ။

Xiaomi launches Redmi 13C 5G smartphone in India from Rs 9,999, ET Telecom

Poco M6 5G ကို အိန္ဒိယမှာ Redmi 13C 5G ကို အမည်ပြောင်းရောင်းချမယ်ဆိုရင် Flipkart ကနေပဲ ရောင်းချနိုင်ပြီး အနောက်ဘက် Panel ကို အနည်းငယ်ပြောင်းလဲထားနိုင်ကာ Memory Configuration တွေ ကွဲပြားနိုင်ပါတယ်။

Redmi 13C မှာ Dimensity 6100+ SoC ၊ Android 13 အခြေပြု MIUI 14 ၊ 8GB RAM နဲ့ 256GB Storage အထိ ပါလာပါတယ်။ 6.74” HD+ 90Hz LCD မျက်နှာပြင်နဲ့ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့  50MP Main, 0.8MP Auxiliary နဲ့ 5MP ဆဲလ်ဖီး ကင်မရာတွေ ပါပါတယ်။

Ref : gsmarena