Xiaomi က အိန္ဒိယမှာ Poco M6 ကို ကြေညာလိုက်ပြီး MediaTek Dimensity 6100+ SoC , 4/6/8GB RAM ပါတဲ့အပြင် 8GB RAM Expansion သုံးနိုင်ပါတယ်။

Poco M6 gets official in India with Dimensity 6100+, 8GB of RAM

Poco M6 မှာ 6.74” 720×1600  LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate , 600 Nits Peak Brightness နဲ့ Gorilla Glass Protection ထောက်ပံ့ထားပါတယ်။

128GB or 256GB UFS 2.2 Storage ထည့်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ Dual-SIM စွမ်းရည် ၊ နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

အနောက်ဘက်မှာ 50MP AI Dual ကင်မရာ သုံးထားပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပြီး Galactic Black နဲ့ Orion Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Poco M6 gets official in India with Dimensity 6100+, 8GB of RAM

Poco M6 ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့တဲ့ Redmi 13C 5G ကို အမည်ပြောင်းထားတာ ဖြစ်ပါတယ်။ တစ်ခုထဲသော ကွဲပြားချက်က အနောက်ဘက် ဒီဇိုင်း ဖြစ်ပြီး Poco ရဲ့ အငွေ့အသက်နဲ့ Branding ထည့်သွင်းထားပါတယ်။

Poco M6 4/128GB ကို ၁၀,၄၉၉ ရူပီး၊ 6/128GB ကို ၁၁,၄၉၉ ရူပီး နဲ့ 8/256GB ကို ၁၃,၄၉၉ ရူပီး သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၄၃၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ Poco က အဲဒီဖုန်းဟာ အိန္ဒိယရဲ့ ဈေးအချိုဆုံး 5G ဖုန်းလို့ ပြောပါတယ်။

Ref : gsmarena