Poco က M6 Pro ကို ကြေညာလိုက်ပြီး Snapdragon 4 Gen 2 SoC ထည့်သွင်းထားပါတယ်။ 4GB/64GB နဲ့ 6GB/128GB Version ၂ မျိုး ထုတ်လုပ်ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး Poco က အဓိက Android Version ၂ ခုနဲ့ Security Update ၃ နှစ်ပေးမယ်လို့ ပြောပါတယ်။

Poco M6 Pro announced with Snapdragon 4 Gen 2 SoC, 50MP camera, and 90Hz screen

Poco M6 Pro မှာ 6.79” 90Hz Full HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 550 nits Peak Brightness နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားပြီး Poco က အသေးစိတ်သတင်းအချက်အလက်ကို မပြောပါဘူး။

မျက်နှာပြင် အထက်အလယ်က Punch Hole မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ 5,000mAh Battery ပါလာပြီး 18W Charging ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး IP53 စံနှုန်း ထည့်သွင်းထားပါတယ်။

Poco M6 ProRedmi 12 5G

Poco M6 Pro ကို အိန္ဒိယမှာ ဩဂုတ်လ ၉ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး Power Black နဲ့ Forest Green ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 4GB/64GB ကို ၁၃၅ ဒေါ်လာနဲ့ 6GB/128GB ကို ၁၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena