Poco ဟာ ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက်ကို ဖန်တီးနေပါတယ်။ မကြာခင်က မော်ဒယ်နံပါတ်  2405CPCFBG ပါတဲ့ Poco တက်ဘလက် ၁ လုံးကို ဥရောပရဲ့ EEC Certification ပလက်ဖောင်းမှာ ခွင့်ပြုလိုက်ပါတယ်။ Tipster Kacper Skrzypek က အဲဒီ တက်ဘလက်ကို Poco Pad အမည်နဲ့ရောင်းချမယ်လို့ ပြောပါတယ်။

Redmi Pad Pro Unveiled With Snapdragon 7s Gen 2, HyperOS - Lowyat.NET

Tipster က Poco တက်ဘလက်ဟာ မကြာခင်က ကြေညာခဲ့တဲ့ Redmi Pad Pro ကို အမည်ပြောင်းထားတာ ဖြစ်ပြီး Specs တွေက တူညီမယ်လို့ ပြောပါတယ်။ အဲဒီအတွက် Poco Pad မှာ 12.1” IPS LCD Display ပါလာမှာ ဖြစ်ပြီး 2.5K Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။

Xiaomi Redmi Pad Pro: Price, specs and best deals

Snapdragon 7s Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage အထိ ထုတ်လုပ်ထားမှာပါ။ 33W Fast Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါလာမှာပါ။ အရှေ့နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး Android 14 OS, 3.5mm Audio Jack နဲ့စပီကာ ၄ လုံး ပါလာမှာပါ။

Redmi ဟာ မကြာခင်က Redmi Turbo 3 ဖုန်းနဲ့အတူ Redmi Pad Pro တက်ဘလက်ကို ကြေညာခဲ့ပါတယ်။ Redmi Pad Pro မှာ Snapdragon 7s Gen 2 Chip မောင်းနှင်ထားပြီး Redmi ရဲ့ စွမ်းရည်အမြင့်ဆုံး တက်ဘလက် ဖြစ်ပါတယ်။

Ref : gizmochina