Xiaomi ဟာ အခုအချိန်မှာ Flagship စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေကိုပါ Android 11 Update ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အခုလည်း Redmi K30 4G ဖုန်းကိုမှ India Version လို့ ပြောနိုင်တဲ့ POCO X2 ဖုန်းအတွက် Android 11 Stable Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကမှ တရုတ်နိုင်ငံစျေးကွက်အတွက် Redmi K30 4G ဖုန်းကို Android 11 Stable Update ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Global Version POCO X2 အနေနဲ့ အချိန်တိုအတွင်းမှာ Update ရရှိလာတယ်လို့တောင် ပြောနိုင်ပါတယ်။

POCO X2 အတွက် Android 11 Update ဟာ MIUI 12 အနေနဲ့ပဲ ထွက်ရှိထားတာဖြစ်ပြီး Firmware Version အနေနဲ့ 12.1.2.0.RGHINXM ဖြစ်တယ်လို့ သိရပါတယ်။ File Size အနေနဲ့ 2.6GB ဝန်းကျင်ရှိမှာဖြစ်ပြီး လက်ရှိအချိန်မှာ Region အားလုံးအတွက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။

POCO X2 အတွက် Android 11 Update နဲ့အတူ Screen ပိတ်လိုက်တဲ့အချိန်မှာ အသံကြားရတဲ့ Bug ကိုလည်း ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။ Android Security Patch အနေနဲ့လည်း January 2021 Update ပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ လာမယ့်လပိုင်းအတွင်းမှာလည်း Android 11 Update အပြင် MIUI 12.5 Update တွေကို ဆက်ပြီးထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။

Ref – Gizmo China