စက်တင်ဘာလတုန်းက ကား ကုမ္ပဏီ Polestar က Meizu နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ စမတ်ဖုန်း ၁ လုံးကို ထုတ်လုပ်ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကို တွေ့မြင်ကြရပါပြီ။ ကုမ္ပဏီက Polestar Day Event မှာ Polestar Phone ဒီဇိုင်းကို ပြသလိုက်ပါတယ်။

ဖုန်း ဒီဇိုင်းဟာ Meizu 20 Series နဲ့ ဆင်တူပြီး ပြားချပ်တဲ့ သတ္တု ဖရိမ် ထည့်သွင်းထားပါတယ်။ ကင်မရာ ၃ လုံးကို သီးခြား Ring တွေမှာ တပ်ဆင်ထားပါတယ်။ ဗီဒီယိုမှာ f/1.9 Aperture ပါတဲ့ 23mm Main ကင်မရာ၊ 70mm Telephoto (f/2.0) နဲ့ 15mm Ultrawide Lens (f/2.4 Aperture) တို့ကို တွေ့ရပါတယ်။

Polestar Phone design teased in short video

Polestar Phone မှာ မျက်နှာပြင်ပြားနဲ့ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole Cutout ထည့်သွင်းထားပါတယ်။ ဘေးဘက်မှာ Polestar Branding နဲ့ အနောက်ဘက်မှာ ကုမ္ပဏီ Logo ကို ရေးထွင်းထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက Polestar ဟာ အဲဒီ ဖုန်းနဲ့ သူ့ရဲ့ ကားတွေကို ဘယ်လို ချိတ်ဆက်ထားမလဲ ဆိုတာပါ။ တူညီတဲ့ မိခင် ကုမ္ပဏီ Geely က ပိုင်တဲ့ Meizu မှာ ကိုယ်ပိုင် Flyme Auto Car Software ရှိပါတယ်။ ဒါပေမယ့် တရုတ်က သတင်းအရ Polestar Phone မှာ Meizu နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Polestar OS Interface ပါလာမှာပါ။

Polestar Phone ဟာ စွမ်းရည်မြင့် ဖုန်း ဖြစ်ပြီး Snapdragon 8 Gen 3 Chip ပါလာနိုင်ပါတယ်။ RAM ပမာဏများများနဲ့ အားအမြန်သွင်းတဲ့ နည်းပညာ ထည့်သွင်းထားမှာပါ။ Polestar Phone ကို တရုတ်မှာပဲ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena