Volvo ပိုင်တဲ့ Polestar က လျှင်မြန်စွာ အားသွင်းနိုင်တဲ့ ဘက်ထရီ နည်းပညာ အသစ်ကို ဖန်တီးနေပြီး ၅ မိနစ်အားသွင်းရင် မိုင် ၁၀၀ မောင်းနှင်နိုင်ပါတယ်။ အဲဒီ နည်းပညာအကြောင်းကို Polestar Day Event မှာ ကြေညာလိုက်တာ ဖြစ်ပြီး အဲဒီ ဘက်ထရီတွေကို Polestar 5 Prototype မှာ တင်ဆင်ထားပြီး ဖြစ်ပါတယ်။ အဲဒီ ဘက်ထရီကို အမြောက်အများ ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

Image for article titled Polestar's Extreme Fast Charging EV Prototype Can Add 100 Miles Of Range In Five Minutes

လျှပ်စစ်ကားတွေဟာ ပျမ်းမျှအားဖြင့် မိုင် ၁၀၀ မောင်းနှင်နိုင်ဖို့ 30kWh Energy လိုအပ်ပြီး 350kW နှုန်းကို ရရှိဖို့ လိုအပ်ပါတယ်။ အဲဒီနှုန်းနဲ့ လျှပ်စစ်ကို ထုတ်လုပ်ပေးနိုင်တဲ့ Charger အနည်းငယ်ပဲ ဈေးကွက်ထဲမှာ ရှိပါတယ်။ အဲဒီ နည်းပညာကို အပြည့်အဝ အသုံးချနိုင်တဲ့ Charger တွေ ဈေးကွက်ထဲမှာ များများစားစား မရှိပါဘူး။

Polestar Day: A glimpse into the future of electric mobility

Lucid က သူ့ရဲ့ Air Sedan ဟာ Polestar Prototype ကို ယှဉ်နိုင်တယ်လို့ ပြောပြီး ကုမ္ပဏီက မိနစ် ၂၀ အားသွင်းရင် မိုင် ၃၀၀ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ Hyundai Ioniq 6 နဲ့ Porsche Taycan ဟာ 800v Architecture ကို အသုံးပြုထားပြီး ၅ မိနစ်အားသွင်းရင် မိုင် ၆၀ မောင်းနှင်နိုင်ပါတယ်။

Polestar က အဲဒီ ဘက်ထရီ နည်းပညာကို တိုးတက်အောင် ပြုလုပ်မယ်လို့ ပြောပါတယ်။ ကုမ္ပဏီက လက်ရှိမှာ ၅ မိနစ် အားသွင်းရင် မိုင် ၁၀၀ မောင်းနှင်နိုင်ပြီး ၂၀၂၈ ခုနှစ်မှာ ၃ မိနစ်နဲ့ ၂၀၃၂ ခုနှစ်မှာ ၂ မိနစ်ထဲနဲ့ မိုင် ၁၀၀ မောင်းနှင်နိုင်အောင် တီထွင်မယ်လို့ ပြောပါတယ်။

Ref : jalopnik