အမေရိကန်မှာ Apple ကို လိမ်လည်မှုနဲ့ တရုတ် နိုင်ငံသား ၅ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ သူတို့ဟာ Apple ကို လိမ်လည်နေတာ ၁၀ စုနှစ် ၁ ခု ရှိပါပြီ။ သူတို့ဟာ Apple ရဲ့ Customer Service မူဝါဒကို အသုံးချကာ ဒေါ်လာ ၁၂ သန်းကျော် လိမ်လည်ခဲ့ပါတယ်။

iPhone 15 Pro Max

သူတို့ဟာ တရုတ်မှ အဖွဲ့တွေနဲ့ ပူးပေါင်းကာ iPhone, iPad နဲ့ တခြား Apple ထုတ်ကုန် အတုတွေကို အမေရိကန်ထဲသွင်းလာကြပါတယ်။ အဲဒီ အတုတွေကို Apple Store များစွာသို့ ယူဆောင်လာပြီး ပျက်ဆီးသွားတဲ့အတွက် ဖုန်း အသစ်နဲ့ လဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

iPhone 14 Deep Blue

သူတို့ဟာ အမေရိကန် လူမျိုးတွေ ပိုင်တဲ့ Apple ထုတ်ကုန်တွေရဲ့ Identification Number အစစ်တွေကို သူတို့ရဲ့ Device အတုတွေမှာ ထည့်သွင်းခဲ့ကြပါတယ်။ Apple Store ဝန်ထမ်းတွေဟာ ဖုန်း အတုနဲ့ အစစ်ကို မခွဲခြားနိုင်ဘဲ ဖုန်းအသစ်တွေကို ထုတ်ပေးခဲ့ကြပါတယ်။ အဲဒီ နည်းလမ်းနဲ့ လိမ်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ Apple Device အစစ်တွေကို အမေရိကန် ပြင်ပကို ရောင်းချခဲ့ပြီး ဝင်ငွေများစွာ ရခဲ့ကြပါတယ်။ သူတို့ဟာ  Apple Device အတုပေါင်း ၁၆,၀၀၀ ကျော်ကို ပြုလုပ်ခဲ့ကြကာ လိမ်လည်ခဲ့ကြပြီး ဒေါ်လာ ၁၂.၃ သန်းဖိုး တန်ကြေးရှိပါတယ်။

Ref : gizchina