M2011K2G မော်ဒယ်နံပါတ် ပါတဲ့ Xiaomi ရဲ့ စမတ်ဖုန်း ၁ လုံးကို EEC Certification မှာ တွေ့လာရပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Redmi K40 Global Version ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ လကပဲ M2001K2C မော်ဒယ်နံပါတ် ပါတဲ့ အဲဒီ စမတ်ဖုန်းရဲ့ တရုတ် Version ကို MIIT Certification မှာတွေ့ခဲ့ရပြီး 5G ဆက်သွယ်မှု ပါမယ်ဆိုတာ သိခဲ့ရပါတယ်။

Xiaomi M2011K2G (Redmi K40) - EEC certification

Xiaomi က အခုအချိန်အထိ Redmi K40 Series တွေအကြောင်း ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ မကြာခင်က ထွက်ခဲ့တဲ့သတင်းတွေအရ ရိုးရိုး Redmi K40 မော်ဒယ်မှာ Snapdragon 7 Series Chipset ပါလာမယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာက Snapdragon 775 Chipset ပါ။ ပိုမြင့်တဲ့ Redmi K40 Pro မှာ Snapdragon 875 SoC မောင်းနှင်ထားနိုင်ပါတယ်။

Redmi K40 series specs leak, to feature fast 120Hz OLED displays - Technology News

Qualcomm ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပွဲ ၁ ခု ကျင်းပဖို့ ရှိနေပြီး အဲဒီမှာ Snapdragon 875 SoC ကို ချပြနိုင်ပါတယ်။ ဒါတင်မကသေးဘဲ Snapdragon 7 Series SoC တွေကိုပါ ကြေညာမယ်လို့ ယူဆရပါတယ်။ Xiaomi ဟာ Qualcomm နဲ့ သဘောတူညီမှု ရထားပြီး Snapdragon 875 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Redmi K40 Series စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ သိပ်မကြာခင်က အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါပြီ။ အဲဒီ ဖုန်းတွေမှာ 120Hz OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။

Ref : rootmygalaxy.net