[Unicode]

Apple ရဲ့ ဒီဇိုင်းလန်းတဲ့ AirPods တွေဟာ ရောင်းအား လန်းနေသလို ကုမ္ပဏီဟာ Beats by Dre Brand ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အခုတော့ Apple ကနေ Powerbeats4 မကြာခင် ထွက်လာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ Powerbeats ဟာ Bluetooth Headset ဖြစ်ပေမယ့် TWS မဟုတ်ပါဘူး။ နားကြပ် ၂ ခုကို ကြိုး ၁ ချောင်းနဲ့ ဆက်သွယ်ထားပြီး ကြိုးမဲ့ လိုချင်ရင်တော့ ပိုဈေးကြီးတဲ့ Powerbeats Pro မော်ဒယ်ကို ရွေးချယ်ရမှာပါ။

iOS 13.3.1 မှာ တွေ့ရတဲ့ အိုင်ကွန်အရ Powerbeats4 မှာ ကြိုးကိုပဲ ဆက်သုံးထားမှာ ဖြစ်ပါတယ်။ ကြိုးတည်နေရာကို ပြောင်းလဲထားနိုင်ပြီး အရင်မျိုးဆက်ထက် ပိုတိုးတက်လာတဲ့ ဒီဇိုင်း ဖြစ်လာမှာပါ။ Powerbeats အားလုံးမှာ နားအနောက်ကနေ ပတ်ရမယ့် ပလတ်စတစ် Band ထည့်သွင်းထားတဲ့အတွက် လေ့ကျင့်ခန်း လုပ်နေချိန်မှာ မပြုတ်ကျအောင် ကာကွယ်ပေးထားပါတယ်။ အဲဒီအတွက် AirPods နဲ့ ဒီဇိုင်း မတူပါဘူး။

မော်ဒယ် အသစ်မှာ မူလမျိုးဆက်ရဲ့ W1 ထက် ပိုကောင်းတဲ့ Apple H1 Chip နဲ့ အဆင့်မြှင့်ထားနိုင်ပြီး Chip အသစ်မှာ ကြိုးမဲ့ ဆက်သွယ်မှု ပိုကောင်းလာပြီး စွမ်းအင် စားသုံးမှု သက်သာလာပါတယ်။ “Hey Siri” လို့ ပြောပြီး အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပါတယ်။

Powerbeats3 ကို ဒေါ်လာ ၂၀၀ နဲ့ ရောင်းပေးခဲ့ပြီး စတုတ္ထမျိုးဆက်ကိုလည်း ဒီဈေးလောက်နဲ့ မိတ်ဆက်နိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။ H1 Chip ထည့်ထားတဲ့ Powerbeats Pro ကို ဒေါ်လာ ၂၅၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၆ သောင်းလောက်ရှိပါတယ်။

Ref : gsmarena

[Zawgyi]

Apple ကေန Powerbeats4 မၾကာခင္ ထြက္လာႏိုင္

Apple ရဲ႕ ဒီဇိုင္းလန္းတဲ့ AirPods ေတြဟာ ေရာင္းအား လန္းေနသလို ကုမၸဏီဟာ Beats by Dre Brand ကိုလည္း ပိုင္ဆိုင္ထားပါတယ္။ အခုေတာ့ Apple ကေန Powerbeats4 မၾကာခင္ ထြက္လာႏိုင္တယ္လို႔ သတင္းထြက္လာပါတယ္။ Powerbeats ဟာ Bluetooth Headset ျဖစ္ေပမယ့္ TWS မဟုတ္ပါဘူး။ နားၾကပ္ ၂ ခုကို ႀကိဳး ၁ ေခ်ာင္းနဲ႔ ဆက္သြယ္ထားၿပီး ႀကိဳးမဲ့ လိုခ်င္ရင္ေတာ့ ပိုေဈးႀကီးတဲ့ Powerbeats Pro ေမာ္ဒယ္ကို ေ႐ြးခ်ယ္ရမွာပါ။

iOS 13.3.1 မွာ ေတြ႕ရတဲ့ အိုင္ကြန္အရ Powerbeats4 မွာ ႀကိဳးကိုပဲ ဆက္သုံးထားမွာ ျဖစ္ပါတယ္။ ႀကိဳးတည္ေနရာကို ေျပာင္းလဲထားႏိုင္ၿပီး အရင္မ်ိဳးဆက္ထက္ ပိုတိုးတက္လာတဲ့ ဒီဇိုင္း ျဖစ္လာမွာပါ။ Powerbeats အားလုံးမွာ နားအေနာက္ကေန ပတ္ရမယ့္ ပလတ္စတစ္ Band ထည့္သြင္းထားတဲ့အတြက္ ေလ့က်င့္ခန္း လုပ္ေနခ်ိန္မွာ မျပဳတ္က်ေအာင္ ကာကြယ္ေပးထားပါတယ္။ အဲဒီအတြက္ AirPods နဲ႔ ဒီဇိုင္း မတူပါဘူး။

ေမာ္ဒယ္ အသစ္မွာ မူလမ်ိဳးဆက္ရဲ႕ W1 ထက္ ပိုေကာင္းတဲ့ Apple H1 Chip နဲ႔ အဆင့္ျမႇင့္ထားႏိုင္ၿပီး Chip အသစ္မွာ ႀကိဳးမဲ့ ဆက္သြယ္မႈ ပိုေကာင္းလာၿပီး စြမ္းအင္ စားသုံးမႈ သက္သာလာပါတယ္။ “Hey Siri” လို႔ ေျပာၿပီး အသံအမိန႔္ေတြနဲ႔ ခိုင္းေစႏိုင္ပါတယ္။

Powerbeats3 ကို ေဒၚလာ ၂၀၀ နဲ႔ ေရာင္းေပးခဲ့ၿပီး စတုတၳမ်ိဳးဆက္ကိုလည္း ဒီေဈးေလာက္နဲ႔ မိတ္ဆက္ႏိုင္ပါတယ္။ ျမန္မာေငြနဲ႔တြက္ရင္ ၂ သိန္း ၉ ေသာင္းေလာက္က်သင့္မွာပါ။ H1 Chip ထည့္ထားတဲ့ Powerbeats Pro ကို ေဒၚလာ ၂၅၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃ သိန္း ၆ ေသာင္းေလာက္ရွိပါတယ္။

Ref : gsmarena