Google Pixel 5 ဟာ ကုမ္ပဏီရဲ့ ဈေးအသက်သာဆုံး Flagship ဖြစ်ပါတယ်။ ယူကေမှာ £599 ( ၉ သိန်း ဝန်းကျင်) ဈေးနှုန်းနဲ့ Pixel 5 ကို ဥရောပနဲ့၊ အမေရိကန်တို့မှာ Pre-order မှာလို့ရနေပါပြီ။ ဒါပေမယ့် ဥရောပရဲ့ အဓိကဈေးကွက်တွေမှာတော့ Pre-order တင်လို့ ရတော့မှာ မဟုတ်ပါဘူး။ (အချို့ဈေးကွက်တွေမှာတော့ $700 ၉ သိန်း ၁ သောင်းခွဲဝန်းကျင် နဲ့ရနိုင်မှာပါ)

9to5Google နဲ့ XDADeveloper တို့က ဖော်ပြတဲ့သတင်းတွေအရ ဥရောပရဲ့ အဓိကဈေးကွက်ကြီးတွေဖြစ်တဲ့ ယူကေ၊ ပြင်သစ်၊ ဂျာမနီနဲ့ အိုင်ယာလန်တို့မှာတော့ ကုန်ပစ္စည်းပြတ်လပ်သွားပြီဖြစ်တာကြောင့် Pre-order တင်လို့မရတော့ဘူးလို့ သိရပါတယ်။ ဂျာမနီနဲ့ အိုင်ယာလန်တို့မှာ အထနှေးခဲ့ပေမယ့် အခုအချိန်မှာတော့ “Sorta Sage” နဲ့ “Just Black” အမျိုးအစား နှစ်မျိုးစလုံး ပြတ်လပ်သွားပြီလို့ သိရပါတယ်။

ပြင်သစ်မှာတော့ “Just Black” အမျိုးအစားတစ်မျိုးတည်းသာ ရတာဖြစ်ပြီး နိုင်ငံရဲ့ဥပဒေကြောင့် ဘူးထဲမှာ နားကြပ်လည်း ထည့်ပေးရပါသေးတယ်။ ဒါကြောင့် ပြင်သစ်ဈေးကွက်မှာ အခြားအရောင်တွေကို မရောင်းချဖို့ Google က ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယူကေမှာတော့ စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၁၉ ရက်အတွင်း ကုမ္ပဏီရဲ့ စတိုးဆိုင်တွေမှာ Pixel 4a (5G) ဒါမှမဟုတ် Pixel 5 ကို ဝယ်ယူမယ်ဆိုရင် Bose QC 35 II နားကြပ်ကိုလက်ဆောင်ပေးတယ်လို့ သိရပါတယ်။

Google ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက Pixel 5 နဲ့ Pixel 4a 5G ကို မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် ရက်သတ္တပတ် အနည်းငယ်ကြာမှ ဝယ်ယူနိုင်ကြမှာ ဖြစ်ပါတယ်။ သြစတြေးလျ၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီနဲ့ အိုင်ယာလန်က အသုံးပြုသူတွေအနေနဲ့ လာမယ့် အောက်တိုဘာလ ၁၅ ရက်ကျမှ ဝယ်ယူနိုင်မှာဖြစ်ပြီး၊ အမေရိကန်၊ ကနေဒါမှာတော့ အောက်တိုဘာ ၂၉ ရက်မှ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Ref: Gizmochina