Apple ကနေ ပုံမှန်အားဖြင့် iPhone အသစ်တွေကို စက်တင်ဘာလမှာ မိတ်ဆက်နေကျဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် iPhone 12 Series ဖုန်းတွေ မိတ်ဆက်မယ့်အချိန်က အနည်းငယ်နောက်ကျဖို့များပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာ iPhone 12 ဖုန်းတွေနဲ့ ပတ်သက်တဲ့သတင်းတွေထွက်ပေါ်နေပြီဖြစ်သလို အခုလည်း Pre-production iPhone 12 လို့ ယူဆရတဲ့ဖုန်းရဲ့ Hands-on Video ထွက်ပေါ်လာပြီဖြစ်ပါတယ်။

 

အဆိုပါ Hands-on Video မှာတော့ iPhone 11 Pro ဖုန်းတွေလိုမျိုး Triple Camera Setup ကို အသုံးပြုထားတာကို တွေ့ရှိရပြီးတေ့ာ LiDAR Sensor တော့ ပါဝင်ခြင်းမရှိပါဘူး။ အဲ့ဒီအတွက် iPhone 12 Pro ဖုန်းတွေမှာပဲ LiDAR Sensor ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

ယခု iPhone 12 ဖုန်းမှာ ထူးခြားချက်အနေနဲ့ကတော့ ဘေးဘက်ဘောင်တွေကို Flat ပြုလုပ်ထားတာဖြစ်ပြီး ဒါက ယခင် iPhone 4 နဲ့ iPhone 5 တွေနဲ့တောင် ပိုပြီးဆင်တူနေတာဖြစ်ပါတယ်။ ကျန်တဲ့ နောက်ကျောဘက်ကိုတော့ Glass ကိုပဲ အသုံးပြုထားမယ့်အပြင် Face ID နဲ့ Selfie Camera အတွက် Notch ကလည်း လက်ရှိ iPhone 11 နဲ့ကွာခြားမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ယခု Hands-on Video က တကယ်ဖြစ်လာနိုင်မလားဆိုတာကိုတော့ အတိအကျမသိရသေးပေမယ့် iPhone 12 ဟာ စျေးနှုန်းအနေနဲ့ $649 ကနေ စတင်မှာဖြစ်ပြီး 5G Support လည်းပါဝင်မယ့်အတွက် ရောင်းအားကောင်းဦးမှာပါ။

Ref – GSM Arena