အင်တာနေရှင်နယ် မိုဘိုင်းလ်ဂိမ်း PUBG MOBILE မှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည် မြှင့်တင်မှုများ ပါဝင်သည့် 1.0 version အသစ်ကို လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်မိတ်ဆက်သွားမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး MOBILE ESPORTS ပွဲဖြစ်သည့် PUBG MOBILE Global Championship ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ဆုကြေးငွေပေါင်း အမေရိကန်ဒေါ်လာ ၂ သန်း ချီးမြှင့်မည်ဖြစ်သည်။

PUBG Mobile မှ ပိုမိုကောင်းမွန်သည့် 1.0 version အဆင့်မြှင့်တင်မှုများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး MOBILE ESPORTS ပွဲဖြစ်သည့် PUBG MOBILE Global Championship (PMGC) ပြိင်ပွဲ အကြောင်းအရာတို့ကို ထုတ်ပြန်ကြေညာလိုက်သည်။

PUBG MOBILE 1.0 version အသစ်

ကမ္ဘာပေါ်တွင် သုံးနှစ်ဆက်တိုက် ရေပန်းအစားဆုံး မိုဘိုင်းလ်ဂိမ်းဖြစ်သည်နှင့်အညီ PUBG Mobile မှ လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် နည်းပညာအသစ်၊ UX အသစ်အပြင် Gameplay Features အသစ်များနှင့်အတူ မိုဘိုင်းလ်ဖုန်းနှင့် ကစားသည့် အခါ ပိုမိုကောင်းမွန်ပြီး လက်တွေ့ဆန်ဆန် ပြိုင်ပွဲဝင်နေသည့် ခံစားချက်ကို ရရှိစေမည့် 1.0 Version ကို စတင် မိတ်ဆက်မည် ဖြစ်သည်။

PUBG MOBILE ကို ၂၀၁၈ ခုနှစ် တွင်ပထမဆုံးအကြိမ် စတင်မိတ်ဆက်ခဲ့ပြီး ၆၀၀ မီလီယံကျော်အထိ ဒေါင်းလုဒ်ရယူခဲ့ကြကာ ကမ္ဘာအနှံ့အပြားတွင် (တရုတ်နိုင်ငံမှအပ) နေ့စဉ်ကစားသူ ၅၀ မီလီယံခန့် ရှိနေပြီဖြစ်သည်။ မယုံကြည်နိုင်စရာကောင်းသော PUBG MOBILE ၏ အောင်မြင်မှုများနှင့် ပုံမှန်ကစားသူအရေအတွက်များ တိုးတက်လာသည့် နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် PUBG MOBILE မှ ဆန်းသစ်ပြီး တိုးတက်လာသည့် ဂိမ်းကစားမှုအတွေ့အကြုံသစ်များကို သုံးစွဲသူ ကစားသမားများ ထံသို့ ဆက်လက် မိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်မိတ်ဆက်မည့် 1.0 version နှင့်အတူ လူအများ မျှော်လင့်ထားကြသည့် အံသြဖွယ်ရာလက်ဆောင် အစီအစဥ်များကိုလည်း ထုတ်ဖော် မိတ်ဆက်သွားမည် ဖြစ်သည်။ PUBG MOBILE အနေနှင့် မိုဘိုင်းလ်ဖုန်းနှင့် ကစားရသည်မှာ ပိုမိုစစ်မှန်ပြီး နစ်မျောခံစားနိုင်သည့် အတွေ့အကြုံ ကောင်းများ ရရှိစေရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

အသစ်ထွက်ရှိလာမည့် 1.0 Version ကို ယခင်ကထက် ပိုမိုအသေးစိတ်ကျသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပြီး Version အသစ်တွင် ဂိမ်းကစားသည့်အခါ ဂိမ်း၏ အရည်အသွေးကို အကောင်းမွန်ဆုံး ခံစားနိုင်ရန် တိုးမြှင့်လုပ်ဆောင် ထားသည့်အတွက် PUBG MOBILE သုံးစွဲသူများအနေနှင့် ဂိမ်းကစားမှုအတွေ့အကြုံကောင်းများ ရရှိနိုင်မည်ဟု မျှော်လင့်သည်။ Version အသစ်တွင် ကစားသူများ၏ Characters, Main Lobby Lights နှင့် ပြောင်မြောက်လှပသည့် ပတ်ဝန်းကျင်များ ပါဝင်အောင် တိုးတက်ဖန်တီးထားသည်။ အမှုန်အမွှားလေးများ၊ မီးခိုးငွေ့များ၊ Air Blast၊ Muzzle Flashes များ၏ မြင်ကွင်းများကို ပိုမိုစစ်မှန်သည်ဟု ခံစားရစေမည်ဖြစ်သည်။ လေထီးခုန်ခြင်း၊ တာဝေးပြေးခြင်းနှင့် အခြားအဓိကကျသော လှုပ်ရှားမှုများကိုလည်း Battle Royale အတွေ့အကြုံကို အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားသည်။ ထို့အပြင် Lighting System နှင့် Texture Quality တို့ကိုပါ ပိုမိုတိုးတက်အောင် ပြုလုပ်ထားသည့်အတွက် မြေပြင်၊ ရေပြင်နှင့် ကောင်းကင် ပုံရိပ်များသည်လည်း အပြင်မှ အတွေ့အကြုံအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။ Models နှင့် Texture Quality များကိုပါ ပိုမို ကောင်းမွန်အောင် ပြုပြင်ထားသည့်အတွက် ပိုမိုအရည်အသွေးကောင်း၍ လက်တွေ့ဆန်သော ခံစားမှုအတွေ့အကြုံသစ်များ ရရှိမည်ဖြစ်သည်။

ထို့အပြင် ကစားသမားများအား ပိုမိုတိကျသော ထိန်းချူပ်မှုအတွေ့အကြုံရရှိစေရန် PUBG MOBILE Users များ၏ Interface နှင့် Interactions၊ Visuals၊ Motions နှင့် Sound Effects အရည်အသွေးများကို ကောင်းမွန်စွာ ပြန်လည်ပြုပြင်မွမ်းမံ ထားသည်။ Interface ကို မျက်လုံးတွင် လွယ်ကူရှင်းလင်းစွာ မြင်ရစေရန် ပြုပြင်ထားပြီး Visual Technology Elements များ ထပ်မံထည့်သွင်းထားသည်။ Dawn Cyan, Smoke Grey ၊ Hope White နှင့် Victory Yellow အရောင်များကို ရွေးချယ်အသုံးပြု ထားသောကြောင့် ထိုအရောင်များကြောင့် ကစားသမားများအနေနှင့် နံနက်အရုဏ်ဉီးအချိန်၊ ရှုံးနိမ့်ပြီးနောက် တစ်ဖန်ပြန်လည် စတင်ခြင်းနှင့် ခက်ခဲကြမ်းတမ်းသော အခြေအနေများကြားထဲမှ အောင်မြင်မှု အခိုက်အတန့် သဘောတရားများကို မြင်သာ စေသည်။

ကစားသမားများအနေဖြင့် မိမိတို့ လိုချင်သောအရာများကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ရန် ပိုမိုတိကျကောင်းမွန်သော ထိန်းချုပ်မှုများကို အဆင့်မြှင့်ပေးခြင်းဖြင့် PUBG MOBILE ၏ သီးသန့် ဆန်းသစ်သော Multi-screen Switching Mode ကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ ရှိပြီးသား လုပ်ဆောင်ချက် Function များသည်လည်း Display တွင် ပို၍ စနစ်တကျ ပေါ်လာမည်ဖြစ်သည်။ ကစားသမားများ လွယ်ကူစွာ ဝင်ရောက်နိုင်ရန်နှင့် လျင်မြန်စွာ လုပ်ဆောင်ချက်များကို ရှာဖွေနိုင်ရန် Games၊ Community နှင့် Purchases များကို နေရာ ၃ ခု ခွဲခြား၍ ရိုးရှင်းသေသပ်သော Interface ကိုလည်း ဖန်တီးပေးထားသည်။ ထို့ပြင် ကစားသမားများအနေဖြင့် မိမိ ကိုယ်ပိုင် Layout ကို စိတ်ကြိုက်ပြုပြင်ပြီး လုပ်ဆောင်ချက်များကို ပိုမို သက်သောင့်သက်သာဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကာ ကောင်းမွန်သော User Experience ကိုလည်း ရရှိ‌စေမည်ဖြစ်သည်။

PUBG MOBILE ၏ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ရဲ့ 1.0 Version မိတ်ဆက်တဲ့ ခရီးစဥ်အထိ ကျွန်တော်တို့နဲ့ အတူတူ ပူးပေါင်းပါဝင်ကြတဲ့ ကစားသမား တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ PUBG ရဲ့ ဒီဇိုင်းနဲ့ အခြားဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဥ်တစ်လျှောက်လုံးမှာ PUBG MOBILE ရဲ့ ပင်ကို အထင်ကရ IP နဲ့ Style ကို ထိန်းသိမ်းထားပြီး မိုဘိုင်း ထုတ်ကုန်များအတွက် အကောင်းဆုံးသော ဆန်းသစ်တဲ့ အတွေ့အကြုံများကို ဆက်လက်ပေးအပ်နိုင်အောင် လုပ်ဆောင်ခဲ့ ပါတယ်” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ “ဒီ 1.0 version အသစ်ဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဆုံးမဟုတ်ပါဘူး။ ဒါဟာ PUBG MOBILE ရဲ့ ခေတ်သစ် အစသာရှိသေးပြီးတော့ ကျွန်တော်တို့မှာ မကြာမီ ပရိသတ်တွေကို ဝေမျှရမယ့် စိတ်လှုပ်ရှားစရာ အစီအစဥ်အသစ်တွေလည်း ရှိပါသေးတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

PUBG MOBILE Global Championship (PMGC)

ထူးခြားဆန်းသစ်သော 1.0 version ကိုမိတ်ဆက်လိုက်သည့်အပြင် PUBG MOBILE Esports သည် PUBG MOBILE World League (PMWL) နှင့် World Championship တို့ ပူးပေါင်း၍ ကမ္ဘာ့အကြီးဆုံးမိုဘိုင်း Esports ပြိုင်ပွဲဖြစ်သည့် PUBG MOBILE Global Championship (PMGC) ကို ထုတ်ပြန်ကြေညာလိုက်သည်။ PMGC ၏ Season Zero သည် နိုဝင်ဘာလ နှောင်းပိုင်းတွင် စတင်မည်ဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း နှင့် တရုတ်နိုင်ငံရှိ ဒေသများမှ ထိပ်တန်းကစားသမားအဖွဲ့များမှ ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကာ Global Champions ဆုနှင့် PUBG MOBILE Esports သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးဆုဖြစ်သည့် ဆုကြေးငွေပေါင်း အမေရိကန်ဒေါ်လာ ၂ သန်း ဆုငွေဆွတ်ခူးရရှိရန် ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ Covid-19 ကပ်ရောဂါကြောင့် PMGC Season Zero ပွဲတွင် အားပေးနိုင်သည့် ပရိသတ်များရှိမည် မဟုတ်သော်လည်း လုံခြုံဘေးကင်းမှုရှိစေရန် ပြိုင်ပွဲကို နိုဝင်ဘာလနှောင်းပိုင်းတွင် စတူဒီယိုများ အသီးသီးတွင် နေရာယူကာ ကျင်းပမည်ဖြစ်သည်။ PMGC ပြိုင်ပွဲကို အဓိကပံ့ပိုးပေးသည်မှာ ကမ္ဘာ့အဆင့်မီ Wireless Technology နည်းပညာလောကတွင် ဦးဆောင်နေပြီး 5G ပိုမိုတွင်ကျယ်လာစေရန်နှင့် မိုဘိုင်းလ်ဂိမ်း ဆန်းသစ်တီထွင်မှုတို့ကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နေသည့် QualcommTechnologies ပင်ဖြစ်သည်။

ယခုနှစ်တွင် PUBG MOBILE သည် ကမ္ဘာလုံးဆိုင်ရာနှစ်စဉ် Esports Program ၏ ဖွဲ့စည်းပုံကို ပြီးစီးခဲ့ပြီဖြစ်သည်။ ဤ အစီအစဥ်သည် နိုင်ငံဒေသအနှံ့အပြားရှိ အပျော်တမ်းကစားသမားများမှ စ၍ Semi-pro နှင့် Pro ကစားသမားများအားလုံးကို ထောက်ပံ့ပေးကာ Esports Stardom များဖြစ်လာကြစေရန် လမ်းကြောင်းဖောက်ပေးနေခြင်းဖြစ်သည်။ အချို့နိုင်ငံများ၌ ကစားသမားတိုင်း အတွက် ကျင်းပလျက်ရှိသော National နှင့် Campus Championships များအပြင် အခြားသော 3rd Party ပြိုင်ပွဲများ ကဲ့သို့သော ပွဲများသည်နောက်ပိုင်းတွင် နိုင်ငံအမြောက်အမြား၌ ကျင်းပလာကြမည်ဖြစ်သည်။ ယခုနှစ်တွင် Semi-pro Player များအတွက် PUBG MOBILE Club Open (PMCO) ကို နိုင်ငံပေါင်း ၁၅၀ ရှိ ဒေသ ၁၆ ခုတွင် ဖွင့်လှစ်ထားရှိသည်။ Spring မှ Fall အတွင်း ပြိုင်ပွဲဝင် စာရင်းပေးသွင်းသူ စုစုပေါင်း အယောက် ၁၂၀,၀၀၀ ကျော်အထိ ရရှိခဲ့ပြီး PUBG MOBILE Esports ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသူများ ပိုမိုများပြားလာသည်။

စဥ်ဆက်မပြတ် ပြောင်းလဲပြီး တိုးတက်လာသည့် Esports Ecosystem ဖြစ်လာစေမည့် PUBG MOBILE Pro League (PMPL)ကို ပြိုင်ပွဲတွင် Professional အဆင့်အဖြစ် ယှဥ်ပြိုင်ရန်မိတ်ဆက်ခဲ့သည်။ PMPL သည် နေရာဒေသ ၇ ခုတွင် အသင်း ပေါင်း ၁၅၂ ခု ပါဝင်ကစားခဲ့ပြီး စုစုပေါင်းနာရီ ၂၈ မီလီယံကျော်သည်အထိ ကြည့်ရှုခြင်းခံကာ တစ်ဟုန်ထိုး အောင်မြင်မှု ရရှိခဲ့ သည်။ ဇူလိုင်လနှင့် သြဂုတ်လအတွင်း PUBG MOBILE World League (PMWL) Season Zero အသစ်တွင် “East နှင့် West League”မှ အသင်း ၄၀ သည် ထူးထူးခြားခြား ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့၏ အကောင်းဆုံး စွမ်းရည်ကို ပြသခဲ့ကြသည်။ ပရိသတ်ပေါင်း ၁.၁ မီလီယံ​​ကျော် ကြည့်ရှုခဲ့ပြီး စုစုပေါင်း နာရီ ၄၀ မီလီယံကျော်ရှိပြီး ကြည့်ရှုမှု အမြင့်ဆုံး ရောက်ရှိခဲ့သည်။ ယင်းသည် PUBG MOBILE esports သမိုင်းတစ်လျှောက်တွင် အများဆုံးကြည့်ရှုသူအဖြစ်စံချိန်ချိုးခဲ့သည်။ Esports Charts မှ မှတ်တမ်းများအရ PUBG MOBILE World League 2020 East သည် လူကြိုက်အများဆုံးအွန်လိုင်းသီးသန့် ပြိုင်ပွဲတစ်ခု ဖြစ်ကြောင်းသိရှိရသည်။

“PUBG MOBILE World League Season Zero ရဲ့ အောင်မြင်မှုအပြီးမှာ ပိုမိုမြင့်မားအောင် မြှင့်တင်ဖို့နဲ့ ကျွန်တော်တို့ရဲ့ အားကစားအစီအစဉ်အသစ်ကို ပထမနှစ်မှာ အဆုံးသတ်နိုင်ရန်အတွက် ထူးခြားပြောက်မြောက်တဲ့ အရာတစ်ခု ဖန်တီးရမယ် ဆိုတဲ့ အချက်ကို ကျွန်တော်တို့ နားလည်သိရှိခဲ့ပါတယ်”ဟု PUBG MOBILE Global Esports ၏ ဒါရိုက်တာဖြစ်သူ James Yang က ပြောကြားခဲ့သည်။ “၂၀၂၀ ဟာ လူတိုင်းအတွက်က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ကစားနည်းတွေ၊ အားကစားတွေကနေတစ်ဆင့် ကမ္ဘာကို အပြုသဘောနဲ့ အားပေးမှုတွေ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာတစ်ဝန်း ပျော်ရွင်စေဖို့၊ ကစားသမားများနဲ့ လူမှုဝန်းကျင်အတွက် အံ့မခန်းဖွယ်ရာပြိုင်ပွဲတစ်ခုဖန်တီးဖို့ နေရာ ဒေသများကို ဖိတ်ခေါ်ချင်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

Source – PUBG Mobile