PUBG MOBILE Global Championship (PMGC) 2020 League တွင် ကမ္ဘာ့အကောင်းဆုံး အသင်းများ ၏ ၄ ပတ်ကြာ PUBG MOBILE esports ပြိုင်ပွဲများ ပြီးဆုံးပြီးနောက် Four Angry Men အဖွဲ့သည် နောက်လထဲတွင် ကျင်းပပြုလုပ်မည့် 2020 PMGC ဖိုင်နယ်ပွဲစဉ်များတွင် ထိပ်ဆုံးနေရာယူရန် ကြိုးစားနေကြသော အခြားအသင်းများထက် သာလွန်ကြောင်း ပြသခဲ့သည်။

အသင်း ၁၆ သင်းမှ ၎င်းတို့၏ အောင်မြင်မှုတို့နှင့်အတူ ဇန်နဝါရီလ ၂၁ မှ ၂၄ ရက်နေ့အတွင်း ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည့် PMGC 2020 ၏ ဆုကြေးငွေ USD 2,000,000 ကို ခွဲဝေယူကြရမည်ဖြစ်သည်။

PUBG MOBILE Global Championship (PMGC) 2020 League ၏ ပြီးဆုံးချိန်ကို ရောက်ရှိဖို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပြီး PMGC 2020 Finals ကို အရည်အချင်းပြည့်ဝသည့် အသင်း ၁၆ သင်းမှ နောက်လထဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Four Angry Men အဖွဲ့သည် မယုံကြည်နိုင်စရာ ကောင်းလှသည့် တိုက်ရည်ခိုက်ရည်များနှင့်အတူ ထိပ်ဆုံးမှ အနိုင်ရရှိသွားပြီး Bigetron Red Aliens က ဒုတိယနေရာကို ရရှိကာ PRQ Athena က တတိယနေရာကို အသီးသီး ရရှိခဲ့ကြသည်။ 33Svan မှ Four Angry Men အဖွဲ့က အောင်နိုင်ခဲ့ပြီး PMGC 2020 League MVP အဖြစ် သရဖူဆောင်းခဲ့ကြသည်။

PMGC 2020 Finals သို့ တက်ရောက်နိုင်ခဲ့သည့် ၁၆ သင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

PMGC 2020 Finals ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒူဘိုင်းကနေ တစ်ကမ္ဘာလုံးသို့ အွန်လိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။ ဖိုင်နယ်ပွဲစဉ်များကို Public သို့ မပြသနိုင်ခြင်းက ဒီနှစ်၏ အဆင်မပြေသည့် အချက်တစ်ချက်ဖြစ်သော်လည်း Offline ပွဲတွင် အဖွဲ့များကို အဆင့်မြှင့်တင်ထားသည့် Field နေရာများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ PMGC Final ဆုဖြစ်သည့် USD 2,000,000 သည် PUBG MOBILE သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးဆုဖြစ်သည်။ PMGC 2020 Final ပွဲစဉ်များကို PUBG MOBILE Esport YouTube၊ Facebook နှင့် Twitch Channel တို့တွင် ကြည်ရှု့နိုင်မည်ဖြစ်သည်။

PMGC ပွဲကို အဓိက ကူညီထောက်ပံ့ပေးသူမှာ Ultimate Gaming Advantage များကို ပြုလုပ်ပေးနေသည့် Qualcomm® Snapdragon Elite Gaming™ ဖြစ်ပြီး 5G Mobile Platforms တွင် ဈေးကွက်တွင်ထိပ်ဆုံးရောက်ရှိနေသည့် စမတ်ဖုန်းများ၏ Hardware နှင့် Software Features များကို ဖြည့်စွမ်းပေးနေသည်။ OnePlus သည့် ကမ္ဘာပေါ်တွင်ဦးဆောင်နေသော မိုဘိုင်းကုမ္ပဏီတစ်ခုဖြစ်ပြီး Ultra-fast OnePlus 8T 5G Smartphone ကို PMGC ၏ တရားဝင် Device တစ်ခုအနေဖြင့် Feature လုပ်ထားသည်။ OnePlus 8T ကို Snapdragon™ 865 5G Mobile Platform က ပါဝင်အားဖြည့်ပေးထားသည်။

Mountain Drew မှ PMGC ၏ Beverage ပါတနာအနေဖြင့်ပါဝင်ထားပြီး အနာဂတ်ရဲ့ မျိုးဆက်သစ် Gaming Talent များကို အားဖြည့်ကူညီလျှက်ရှိသည်။

PMGC Finals ပွဲစဉ်များကို အားကစားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ကြီးကြပ်ရေးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၏ စီမံခန့်ခွဲရေး၊ တိုးတက်ကြီးပွားရေးနှင့် ဈေးကွက်မြှင့်တင်ရေးတို့ကို ကြီးကြပ်အုပ်ချုပ်သည့် ဒူဘိုင်းနိုင်ငံ၏ ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဒူဘိုင်းအားကစားကောင်စီတို့မှ ကူညီထောက်ပံ့ပေးထားခြင်းဖြစ်သည်။

“ဒူဘိုင်းခရီးသွားလုပ်ငန်းကနေ မြိုရဲ့ ဘက်ပေါင်းစုံက စွဲဆောင်မှုတွေနဲ့ ကျယ်ပြန့်တဲ့ ခရီးသွားအစီအစဥ်ကို ဒူဘိုင်းကို လာရောက်လည်ပတ်ဖို့ အားပေးဖန်တီးထားတဲ့ ထူးခြားတဲ့ နည်းလမ်းတွေကနေတစ်ဆင့် မီးမောင်းထိုးပြပြီး နိုင်ငံတကာက ဧည့်သည်တွေကို စိတ်လှုပ်ရှားစေဖို့ နိုင်ငံတကာက ကုမ္ပဏီတွေနဲ့ အလုပ်ဆက်လုပ်နေပါတယ်” ဟု Dubai Corporation for Tourism and Commerce Marketing (DCTCM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Issam Kazim က ပြောကြားခဲ့သည်။ “ယခု Global Championship ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်တွေကို ဒူဘိုင်းမြို့မှာ ကျင်းပဖို့ ရွေးချယ်ခံရခြင်းဟာ PUBG MOBILE နဲ့ ခိုင်မာတဲ့ မိတ်ဖက်ဖြစ်ခြင်းကို ပြသနေပြီး Esports လောကမှာ ဦးဆောင်နေတဲ့ အချက်အချာဒေသဖြစ်တဲ့ ဒူဘိုင်းရဲ့ အနေအထားကို ပိုမိုအားဖြည့်ပေးပါလိမ့်မယ်။ လက်ရှိခက်ခဲတဲ့ အချိန်တွေမှာ ထီတွင်ဆန်းသစ်မှုမှာ အာရုံစိုက်နေခြင်းနှင့် Mobile Platforms အစုံမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာတဲ့ ဒူဘိုင်းရဲ့ အနေအထားကို ထိပ်တန်းခရီးစဥ်များရဲ့ ရှေ့ဆုံးမှာ ထိန်းသိမ်းထားပေးရုံသာမကဘဲ ကမ္ဘာတစ်လွှားမှာရှိတဲ့ Esports ဝါသနာရှင်တွေရဲ့ စိတ်ထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ဖို့ ကူညီပေးကြတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေရဲ့ တိုးချဲ့ပူးပေါင်းဆောင်ရွက်မှုကို ဒူဘိုင်းခရီးသွားလုပ်ငန်းက အထူးပင်ကျေနပ်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒူဘိုင်းအားကစားကောင်စီဥက္ကဌဖြစ်သူ Sheikh Mansoor Bin Mohammed Bin Rashid Al Maktoum က “ဒူဘိုင်းအားကစားကောင်စီဟာ PUBG MOBILE Global Championship အတွက် ထိပ်တန်းအားကစားသမားတွေနဲ့ PUBG MOBILE ကစားသမားတွေကို ထုတ်ဖော်ဆောင်ရွက်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ PUBG MOBILE Global Championship ကို ဒူဘိုင်းမှာ ကျင်းပနိုင်ခြင်းဟာ ဇိမ်ခံဟိုတယ်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်နိုင်တာတွေအပါအဝင် အလွန်ခေတ်မီတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင် ရှိတဲ့ ဒူဘိုင်းဟာ နိုင်ငံတကာအားကစားပွဲတွေအတွက် ထိပ်တန်းအဆင့်ရှိတဲ့ အိမ်ရှင်ဖြစ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ ထပ်မံအတည်ပြုချက်ဖြစ်ပါတယ်။ ဒူဘိုင်းဟာ COVID-19 ကန့်သတ်ချက်တွေ ပြီးတဲ့နောက်ပိုင်းမှာ လေယာဉ်ခရီးစဉ်တွေကို စတင်ခဲ့ပြီးတော့ ဧည့်သည်တွေကို ကြိုဆိုခဲ့တဲ့ ပထမဆုံး နေရာတွေထဲက နေရာတစ်ခုလည်းဖြစ်ပါတယ်။ PUBG MOBILE Global Championship ဟာ ဒူဘိုင်းမှာ ကျင်းပတဲ့ အိုလံပစ်နှင့် အိုလံပစ် မဟုတ်တဲ့ အားကစားပြိုင်ပွဲတွေအပြင် စိန်ခေါ်မှုအမျိုးမျိုးပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းပြိုင်ပွဲတွေ အပါအဝင် အပြည်ပြည်ဆိုင်ရာအားကစားပွဲတွေစာရင်းမှာ အရေးကြီးတဲ့ ထပ်တိုးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးပွဲစဉ်များနှင့် ပတ်သက်၍ PUBG MOBILE Global Esports ၏ ဒါရိုက်တာဖြစ်သူ James Yang က “PMGC ရဲ့ နောက်ဆုံးပွဲစဉ်တွေကို ဒူဘိုင်းမှာ ကျင်းပနိုင်တဲ့အတွက် ကျွန်တော်တို့ အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်။ PMGC League ကို အွန်လိုင်းမှာ ကျင်းပခဲ့ပြီးနောက်မှာ ကျွန်တော်တို့ရဲ့ နောက်ဆုံးကျန်ရှိတဲ့ အားကျခံရတဲ့ ချန်ပီယံတွေ၊ ကစားသမားတွေကို သင့်တော်တဲ့ ပြိုင်ပွဲတစ်ခုကို ပြန်လည်ချီးမြှင့်ချင်ပါတယ်။ PUBG MOBILE esports ရဲ့ စံချိန်တင်နှစ်တစ်နှစ်ကို Offline ပြိုင်ပွဲတစ်ခုနဲ့ ပိတ်သိမ်းဖို့အတွက် DCTCM နဲ့ DSC တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်မိပါတယ်။ ကပ်ရောဂါအခြေအနေတွေကြောင့် နောက်ဆုံးပွဲစဉ်တွေကို Offiline ကြည့်ချင်တဲ့ ပရိတ်သတ်တွေအတွက် မလုပ်ဆောင်ခဲ့ပေမယ့် ကျွန်တော်တို့ Online ကနေ အတက်နိုင်ဆုံး အကောင်းဆုံးဖြစ်အောက် လုပ်ဆောင်ပေးမှာပါ။ PMGC နောက်ဆုံးပွဲစဉ်တွေဟာ Mobile Esports ရဲ့ အရွယ်အစားနှင့် အင်အားကို ပြသမယ့် ပွဲတွေဖြစ်လာမည့်အပြင် ကျွန်တော်တို့ရဲ့ ကြီးမားဆုံးပြိုင်ပွဲကြီးပါ ဖြစ်လာမှာပါ” ဟု ပြောကြားခဲ့သည်။

PMGC သည် 2020 PUBG MOBILE esports အစီအစဉ်သစ်၏ အထွတ်အထိပ်ပြိင်ပွဲဖြစ်ပြီး ပရိုကစားသမား တစ်ယောက်ဖြစ်ရန်အတွက် လက်လှမ်းမီနိုင်သည့် ရှင်းလင်းသေချာသော လမ်းကြောင်းနှင့် Esports လောက၏ အခိုင်မာဆုံး ဖွဲ့စည်းပုံတို့ဖြင့် ကမ်းလှမ်းလျက်ရှိသည်။ ဒေသတွင်းပြိုင်ပွဲများမှ တစ်ဆင့် PUBG MOBILE Club Open (PMCO) မှ PUBG MOBILE Pro League (PMPL) အထိ၊ ထို့မှ တစ်ဆင့် PMGC အထိသို့ဖြင့် PUBG MOBILE ၏ ပြိုင်ပွဲစနစ်သစ်သည် အောက်ခြေကစားသမားများနှင့် ပရော်ဖက်ရှင်နယ်ကစားသမားများအားလုံးကို “နံပါတ် ၁” ဖြစ်နိုင်ဖို့ အခွင့်အလမ်းပေးနိုင်ရန် ရည်ရွယ်၍ စီမံရေးဆွဲထားသည်။

Source – PUBG Mobile