Battle Royale ဂိမ်းတွေတစ်ခေတ်ဆန်းသစ်အောင် စတင်ပေးခဲ့တဲ့ PUBG Corp ရဲ့ PUBG Mobile ဟာ ယခုအခါ နှစ်နှစ်ပြည့်ခဲ့ပါပြီ။ သူတို့အတွက် အမှတ်တရဖြစ်စရာကတော့ ဒုတိယမြောက်မွေးနေ့ချိန်ခါလေးမှာ Download ပြုလုပ်ခံရမှု အကြိမ်ရေ သန်း ၆၀၀ ပြည့်ခဲ့တာပါပဲ။

Download ဆွဲယူမှု သန်း ၆၀၀ ပြည့်ခဲ့သလို နေ့စဉ်ဝင်ရောက်တဲ့ ကစားသမားဦးရေကလည်း ပျမ်းမျှ သန်း ၅၀ ထိ ရှိနေပြီလို့ သူတို့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဒီပမာဏဟာ တရုတ်နိုင်ငံကြီးရဲ့ ဈေးကွက်လုံးဝမပါသေးဘူးလို့ Tencent Games ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ PUBG ဂိမ်းကို တရုတ်နိုင်ငံအတွင်းမှာ Game for Peace ဆိုတဲ့ အမည်နဲ့ ဗားရှင်းပြောင်းလဲထုတ်လုပ်ထားရပါတယ်။

PUBG Mobile ဟာ မတ်လ ၂၁ ရက်နေ့မှာ နှစ်နှစ်ပြည့်ခဲ့တာဖြစ်ပြီး ဂိမ်းထဲမှာတော့ ဒီအထိမ်းအမှတ်အတွက် အောင်ပွဲခံနေတာ တစ်ပတ်ကျော်ပါပြီ။ #2getherWePlay ဆိုတဲ့ Campaign နဲ့ ဒီဂိမ်းထဲမှာ Retro စတိုင်လ် မီနီဂိမ်းတွေ ဖြစ်တဲ့ Duck Hunt နဲ့ Galaga တို့ကို ပြန်ထည့်သွင်းထားခဲ့ပါတယ်။

ဒုတိယမြောက်မွေးနေ့ချိန်ခါနဲ့ တပြိုင်တည်းမှာပဲ PUBG Mobile ဟာ Royale Pass Season 12 ကိုလည်း ထုတ်ပေးခဲ့ပါတယ်။ ထုံးစံအတိုင်း ကစားသမားတွေကို အထူး Daily, Challenge, Elite Missions တွေ ဆော့ကစားပြီး Level တက်လာတာနဲ့အမျှ သတ်မှတ်ထားတဲ့ Reward နဲ့ Item တွေ ရမှာပါ။

Ref – ONE Esports