နာမည်အကြီးဆုံး Battle Royale ဂိမ်း PUBG ဟာ သူတို့ရဲ့ Update 7.2 Patch ကို လာမယ့်ရက်သတ္တပတ်မှာ ထုတ်လွှင့်သွားတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် PUBG Corp. ကုမ္ပဏီက သူတို့ရဲ့ဂိမ်းကို နာမည်ကြီးအွန်လိုင်းဂိမ်းပလက်ဖောင်း Steam ပေါ်မှာ ရက်အနည်းငယ် အခမဲ့ဆော့ကစားနိုင်ဖို့ ခွင့်ပြုသွားမယ်ဆိုတာကိုပါ ကြေညာလိုက်ပါတယ်။

ဇွန်လ ၄ ရက်နေ့ကနေ ၈ ရက်အတွင်း Steam သုံးစွဲသူတွေဟာ PUBG ကို အခမဲ့ဆော့ကစားနိုင်မှာဖြစ်သလို လက်ဝယ်ပိုင်ဆိုင်ချင်တဲ့ ကစားသမားသစ်တွေအတွက်လည်း အဆိုပါကာလအတွင်းမှာ 50% ဈေးလျော့ချပေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဂိမ်းကိုစမ်းသပ်ဆော့ကစားချင်သူတွေနဲ့ ဝယ်ချင်သူတွေအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ။

Steam ဟာ သူ့ပလက်ဖောင်းပေါ်မှာရောင်းချတဲ့ဂိမ်းတွေကို နှစ်စဉ် အကြိမ်ရေအနည်းငယ် ဈေးလျော့ရောင်းချလေ့ရှိပြီး အခုတစ်ခါမှာတော့ PUBG Corp. နဲ့ပူးပေါင်းပြုလုပ်ခဲ့ပုံရပါတယ်။ ဒီတစ်ခါ ဝယ်ယူဖို့ လွဲချော်သွားရင်လည်း နောက်ထပ်လအနည်းငယ်မှာတော့ အလားတူ အခွင့်အရေး ထပ်မံရရှိနိုင်ပါသေးတယ်။

PUBG ဟာ ၂၀၁၈ ခုနှစ်မှာ စတင်ပြီး အရှိန်အဟုန်နဲ့အောင်မြင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ကစားသမားတွေ တစ်ဖြေးဖြေး လျော့ကျလာခဲ့ပါတယ်။ Lockdown ကာလကြောင့် ဧပြီလမှာ အနည်းငယ်ပြန်မြင့်တက်ခဲ့ပေမယ့် အရမ်းအောင်မြင်ခဲ့တဲ့ ကာလတွေနဲ့ ယှဉ်ကြည့်လို့တော့ မရသေးပါဘူး။ အခုနှစ်အတွင်းမှာ Fortnite, Call of Duty နဲ့ Apex Legends တို့လို အမျိုးအစားတူ ပြိုင်ဘက်တွေက မိုဘိုင်းအပါအဝင် ဈေးကွက်တွေကို ဝင်ရောက်လာတာလည်း ပါမှာပါ။

Ref – AFKGaming