My GALAXY အသင်းသည် PUBG MOBILE Myanmar Championship 2020 ၏ Champion ဖြစ်ခဲ့ပြီး First Runner-Up ဆုကို Yangon Galacticos က လည်းကောင်း၊ Second Runner-Up ဆုကို DEUS Esport က လည်းကောင်း၊ Third Runner-Up ဆုကို Team SCOTT က လည်ကောင်း အသီးသီးရရှိခဲ့ကာ ဆုကြေးငွေများနှင့်အတူ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

PUBG MOBILE မှ COVID-19 အခြေအနေကြောင့် ကစားသမားများ၊ အားပေးသော ပရိသတ်များနှင့်ပါဝင်သူအားလုံး၏ ဘေးကင်းလုံခြုံမှုအတွက် Myanmar Championship 2020 ဖိုင်နယ် ဂိမ်းပြိုင်ပွဲကို Online သီးသန့်ပြိုင်ပွဲအဖြစ် မတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် နေ့လယ် ၁ နာရီမှ ည ၈ နာရီထိ ပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါ ဖိုင်နယ် Online ဂိမ်းပြိုင်ပွဲမှ ဆုရရှိသည့် အသင်းများထွက်ပေါ် လာခဲ့ကာ ဆုကြေးငွေများနှင့်အတူ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း PUBG MOBILE က သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါပြိုင်ပွဲကြီးကို MPT က Official Telecom Partner အဖြစ် ပူးပေါင်းကူညီပံ့ပိုးထားပြီး PUBG MOBILE နှင့် MPT Facebook Page တို့မှ လည်း တိုက်ရိုက် LIVE Stream ပြသသွားခဲ့သည်။

My GALAXY အသင်းသည် PUBG MOBILE Myanmar Championship 2020 ၏ Champion ဖြစ်ခဲ့ပြီး First Runner-Up ဆုကို Yangon Galacticos က လည်းကောင်း၊ Second Runner-Up ဆုကို DEUS Esport က လည်းကောင်း၊ Third Runner-Up ဆုကို Team SCOTT က လည်ကောင်း အသီးသီးရရှိခဲ့ကြသည်။

PUBG MOBILE မှ Champion ရရှိခဲ့သည့် My GALAXY အသင်းကို ကျပ်သိန်း ၁၅၀၊ First Runner-Up ရရှိခဲ့သည့် Yangon Galacticos အသင်းကို ကျပ်သိန်း ၁၀၀၊ Second Runner-Up ရရှိခဲ့သည့် DEUS Esport အသင်းကို ကျပ် သိန်း ၆၀၊ Third Runner-Up ရရှိခဲ့သည့် Team SCOTT အသင်းကို ကျပ်သိန်း ၃၀၊ အဆင့် ၅ မှ ၈ ရရှိသည့် အသင်းများကို ကျပ် ၁၅ သိန်းစီ၊ အဆင့် ၉ မှ ၁၈ ရရှိသည့် အသင်းများကို ကျပ် ၁၀ သိန်းစီ ဆုကြေးငွေများ အသီးသီး ချီးမြှင့်သွားခဲ့သည်။

ထို့အပြင် ယခုဖိုင်နယ်အဆင့်ပြိုင်ပွဲတွင် ထိပ်ဆုံးရရှိသော အသင်း (၄) သင်းဖြစ်သည့် My GALAXY၊ Yangon Galacticos၊ DEUS Esport၊ Team SCOTT တို့သည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ထို မြန်မာအသင်း ၄ သင်းနှင့်အတူ လာအို၊ စင်္ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့ တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်း တို့သည် PMCO SEA Wildcard Final အဆင့်တွင် Online မှတစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်း (၃) သင်းကသာ ကိုယ်ပိုင် League ရှိသော နိုင်ငံများ ဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံမှ အသင်းများ နှင့်အတူ PMCO SEA Final သို့ တက်လှမ်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ PMCO SEA Final ပြိုင်ပွဲကြီးတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိသည့် ဆုကြေးငွေများ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

ဤ PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲကြီးသည် PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများမှအကောင်းဆုံး ကစားသမားအဖွဲ့များနှင့် မြန်မာနိုင်ငံကိုယ်စားပြု ယှဥ်ပြိုင်နိုင်မည့် PMCO (PUBG MOBILE Club Opens) SEA Final ပြိုင်ပွဲကြီးအထိ ခေါ်ဆောင်သွားနိုင်မည့် စိတ်လှုပ်ရှားဖွယ် နိုင်ငံတွင်းပြိုင်ပွဲကြီးဖြစ်သည်။

ယခု PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲ ဖိုင်နယ်အဆင့် မတိုင်မီ ပြိုင်ပွဲဝင်အသင်းများသည် တစ်အုပ်စုလျှင် အသင်း ၂၀ ဖြင့် အုပ်စု ၆၀ ခွဲကာ အွန်လိုင်း Round ပြိုင်ပွဲများ ယှဥ်ပြိုင်ကစားခဲ့ကြသည်။ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်း ၁၆ သင်း နှင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် PUBG MOBILE Myanmar Championship Offline ဂိမ်းပြိုင်ပွဲကြီးမှ ပထမနှင့် ဒုတိယရရှိသော အသင်း ၂ သင်း၊ စုစုပေါင်း ၁၈ သင်းသည် ယခု PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲ Final အဆင့်တွင် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များ ထပ်မံသိရှိလိုပါက PUBG MOBILE ၏ Official Facebook စာမျက်နှာတွင်လည်း www.fb.com/PUBGMOBILE.MM.OFFICIAL\ ဝင်ရောက်လေ့လာနိုင်သည်။

Source – PUBG Mobile Myanmar