အရင်နှစ်က အစောဆုံးထွက်ခဲ့တဲ့ 5G ဖုန်းတွေဟာ စွမ်းရည်မြင့် ဖုန်းတွေ ဖြစ်ပြီး ဒေါ်လာ ၇၀၀ အထက်ရှိတဲ့အတွက် ဈေးအရမ်းမြောက်ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်မှာ ဒေါ်လာ ၄၅၀ လောက်ပဲရှိတဲ့ 5G ဖုန်းတွေ ထွက်လာပါတယ်။ MediaTek Dimensity 5G Chip ထွက်လာပြီးနောက်မှာ စွမ်းရည်သင့် 5G ဖုန်းတွေ ရောင်းလာပါတယ်။ အခုဆိုရင် 5G ဖုန်းတွေကို ဒေါ်လာ ၃၀၀ လောက်နဲ့ ဝယ်လို့ရနေပါပြီ။ နောက်ပိုင်းမှာ ဒေါ်လာ ၁၅၀ တန် 5G ဖုန်းတွေ ထွက်လာတော့မှာ ဖြစ်ပြီး ၂ သိန်းလောက်နဲ့ 5G ဖုန်း ကိုင်နိုင်တော့မှာပါ။

Qualcomm နဲ့ MediaTek တို့ဟာ ဒေါ်လာ ၂၀ အောက်ပဲ ရှိတဲ့ 5G Chip တွေ ထုတ်လုပ်တော့မယ်လို့ ဝီဘိုကနေ သတင်းထွက်လာပါတယ်။ Qualcomm ရဲ့ တန်ဖိုးနည်း 5G Chip လျှို့ဝှက်နာမည်ဟာ sm4350 ဖြစ်ပြီး MediaTek ရဲ့ 5G Chip  မထွက်ခင် ၃ လလောက် စော ထွက်လာမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ Qualcomm ရဲ့ စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် 5G Chip တွေထဲမှာ Snapdragon 690 5G , Snapdragon 768 5G နဲ့ Snapdragon 765 5G တို့ ပါပါတယ်။ MediaTek ရဲ့ စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် 5G Chip တွေထဲမှာ Dimensity 820 , Dimensity 800 , Dimensity 800U နဲ့ Dimensity 720 တို့ ပါပါတယ်။

MediaTek ဟာ ဒီနှစ် ဒုတိယ နှစ်ဝက်မှာ 5G Chip ၂ ခု၊ ၃ ခု ထုတ်မယ်လို့ သတင်းထွက်လာပါတယ်။ ဒါ့အပြင် Dimensity 600 Seires အသစ်တွေလည်း တွေ့လာရဦးမှာဖြစ်ပြီး မှာယူထားတဲ့ အော်ဒါတွေ များနေပြီလို့ သိရပါတယ်။ ဖုန်း ကုမ္ပဏီများစွာက ဒုတိယနှစ်ဝက်မှာ MediaTek ရဲ့ Chip ပါတဲ့ ဖုန်းတွေ ထုတ်လုပ်ရောင်းချမယ်လို့ ကြေညာထားပါတယ်။

Ref : gizchina