Unicode

အခုအချိန်မှာ Mobile Processor ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက 5G ကို Support လုပ်တဲ့ Chipset တွေကိုပဲ အပြိုင်အဆိုင်မိတ်ဆက်ဖို့ ဆိုင်းပြင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် Qualcomm ကနေ ထူးထူးခြားခြား 4G ကိုပဲ Support ပြုလုပ်သွားမယ့် Mid Range Chipset အသစ် ၃ မျိုးကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ Mid Range Chipset တွေကတော့ Snapdragon 720G ၊ 662 နဲ့ 460 တွေပဲဖြစ်ပြီး Snapdragon 720G နဲ့ 662 က Mid Range ဖုန်းတွေအတွက် ဖြစ်လာမှာဖြစ်ပြီး Snapdragon 460 ကတော့ Low End Entry စမတ်ဖုန်းတွေအတွက် ဖြစ်လာမှာဖြစ်ပါတယ်။ ဒီ Chipset တွေအကုန်လုံးက 5G ကို Support မပြုလုပ်ပေမယ့်လည်း Wi-Fi 6 နဲ့ Bluetooh 5.2 လိုမျိုး Latest Connectivity တွေကို Support ပြုလုပ်မယ်လို့လည်း သိရပါတယ်။

ပထမဆုံး Snapdragon 720G က လက်ရှိ Qualcomm ရဲ့ အောင်မြင်တဲ့ Gaming ဦးစားပေး Processor တွေဖြစ်တဲ့ Snapdragon 765G , 730G တွေနဲ့ ဆင်တူပြီးတော့ စျေးပိုသက်သာတဲ့ Gaming Phone တွေအတွက် ရည်ရွယ်မှာဖြစ်ပါတယ်။ ဒီ Processor ကိုတော့ Realme ကနေ ဦးဆုံးထုတ်သွားဖို့များနေပါတယ်။

Qualcomm ရဲ့ ပြောကြားချက်အရတော့ Snapdragon 720G အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို အခု ၂၀၂၀ ပထမ ၃ လပတ်အတွင်းမှာတင် တွေ့မြင်ရမှာဖြစ်ပြီး ကျန်တဲ့ Snapdragon 662 နဲ့ 460 Chipset သုံးထားတဲ့ဖုန်းတွေကိုတော့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မြင်ရမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Snapdragon 720G လိုမျိုး Chipset အသစ်က 5G ကို မလိုအပ်သေးတဲ့ Mid Range ဖုန်းတွေထဲမှာ ရေပန်းစားလာနိုင်ပါတယ်။

Ref – CNet

Zawgyi

အခုအခ်ိန္မွာ Mobile Processor ထုတ္လုပ္တဲ့ ကုမၸဏီေတြက 5G ကို Support လုပ္တဲ့ Chipset ေတြကိုပဲ အၿပိဳင္အဆိုင္မိတ္ဆက္ဖို႔ ဆိုင္းျပင္ေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ Qualcomm ကေန ထူးထူးျခားျခား 4G ကိုပဲ Support ျပဳလုပ္သြားမယ့္ Mid Range Chipset အသစ္ ၃ မ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။

အဆိုပါ Mid Range Chipset ေတြကေတာ့ Snapdragon 720G ၊ 662 နဲ႔ 460 ေတြပဲျဖစ္ၿပီး Snapdragon 720G နဲ႔ 662 က Mid Range ဖုန္းေတြအတြက္ ျဖစ္လာမွာျဖစ္ၿပီး Snapdragon 460 ကေတာ့ Low End Entry စမတ္ဖုန္းေတြအတြက္ ျဖစ္လာမွာျဖစ္ပါတယ္။ ဒီ Chipset ေတြအကုန္လုံးက 5G ကို Support မျပဳလုပ္ေပမယ့္လည္း Wi-Fi 6 နဲ႔ Bluetooh 5.2 လိုမ်ိဳး Latest Connectivity ေတြကို Support ျပဳလုပ္မယ္လို႔လည္း သိရပါတယ္။

ပထမဆုံး Snapdragon 720G က လက္ရွိ Qualcomm ရဲ႕ ေအာင္ျမင္တဲ့ Gaming ဦးစားေပး Processor ေတြျဖစ္တဲ့ Snapdragon 765G , 730G ေတြနဲ႔ ဆင္တူၿပီးေတာ့ ေစ်းပိုသက္သာတဲ့ Gaming Phone ေတြအတြက္ ရည္႐ြယ္မွာျဖစ္ပါတယ္။ ဒီ Processor ကိုေတာ့ Realme ကေန ဦးဆုံးထုတ္သြားဖို႔မ်ားေနပါတယ္။

Qualcomm ရဲ႕ ေျပာၾကားခ်က္အရေတာ့ Snapdragon 720G အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြကို အခု ၂၀၂၀ ပထမ ၃ လပတ္အတြင္းမွာတင္ ေတြ႕ျမင္ရမွာျဖစ္ၿပီး က်န္တဲ့ Snapdragon 662 နဲ႔ 460 Chipset သုံးထားတဲ့ဖုန္းေတြကိုေတာ့ ၂၀၂၀ ႏွစ္ကုန္ပိုင္းမွာ ျမင္ရမယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ Snapdragon 720G လိုမ်ိဳး Chipset အသစ္က 5G ကို မလိုအပ္ေသးတဲ့ Mid Range ဖုန္းေတြထဲမွာ ေရပန္းစားလာႏိုင္ပါတယ္။

Ref – CNet