Qualcomm ကနေ Flagship စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထားတဲ့ Third Generation 5G Modem အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ 5G Modem အသစ်ကို Snapdragon X60 လို့နာမည်ပေးထားပြီး 5nm Node ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ 5G Modem လည်းဖြစ်ပါတယ်။

ဒါပေမယ့် Snapdragon X60 5G Modem ရဲ့ အားသာချက်ကတော့ Download Speed ကို 7.5Gbps နဲ့ Upload Speed ကို 3Gbps အထိ Support ပေးနိုင်တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 5G Frequency တွေဖြစ်တဲ့ mmWave နဲ့ Sub-6GHz Version ၂ ခုစလုံးကို Support ပြုလုပ်သလို TDD နဲ့ FDD Network ၂ မျိုးစလုံးမှာလည်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

 

5G ကို ဒီလိုမျိုး အလုံးစုံ Support ပြုလုပ်နိုင်သလို 4G LTE ၊ 3G နဲ့ 2G Network တွေအထိပါ Backward Compatible ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး 5nm Node ကို အခြေခံထားတဲ့အတွက် LTE Band တွေမှာ ပိုမြန်ဆန်တဲ့ Network Speed ရရှိပြီး 5G ကိုပါ ပိုမိုဖမ်းယူနိုင်မယ့် Dynamic Spectrum Sharing (DSS) ၊ 5G Network ကနေ High Quality Voice Service ကို အသုံးပြုနိုင်မယ့် Voice Over New Radio (VoNR) လိုမျိုး Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ QTM535 mmWave Module အသစ်ပါဝင်လာမှာဖြစ်ပြီး ပိုမိုပါးလွှာတဲ့ စမတ်ဖုန်းတွေမှာပါ အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်။ ယခု Qualcomm X60 5G Modem အသစ်ကိုတော့ လာမယ့် ၂၀၂၁ အစောပိုင်းစမတ်ဖုန်းတွေမှာပဲ စတင်ပြီး တွေ့ရှိလာနိုင်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena