Huawei ဟာ အခုအချိန်မှာ US အစိုးရရဲ့ ပိတ်ဆို့မှုကို ခံနေရတုန်းဖြစ်ပြီး Chip ထုတ်လုပ်သူဖြစ်တဲ့ TSMC လိုမျိုး ကုမ္ပဏီတွေကနေ Chip ထောက်ပံ့ပေးမှုကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ တခြားသော Chipset ထုတ်လုပ်သူတွေဖြစ်တဲ့ Qualcomm ၊ MediaTek နဲ့ Samsung Exynos တို့ကနေ Huawei ကို Chipset တွေထောက်ပံ့ခွင့်ရရှိဖို့ အသီးသီးကြိုးစားနေကြတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ တရုတ်နိုင်ငံအတွင်း ထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရ Qualcomm ဟာ Huawei အတွက် စမတ်ဖုန်း Chipset တွေကို တရားဝင်ထောက်ပံ့ခွင့်ရရှိသွားပြီလို့ သိရပါတယ်။ ယခုသတင်းကိုတော့ Qualcomm ရော ၊ Huawei ဘက်ကပါ အတည်ပြုခဲ့ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာတော့ တရားဝင်သတင်းထုတ်ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။

ဒီလိုမျိုး Qualcomm ကနေ Huawei ကို Chipset တွေထောက်ပံ့နိုင်မယ်ဆိုရင်တောင်မှ 5G Chipset တွေကို ထောက်ပံ့ပေးနိုင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် Qualcomm ကနေ Huawei အတွက် လောလောဆယ်မှာ Budget နဲ့ Mid Range ဖုန်းတွေအတွက် 4G Chipset တွေပဲ ထောက်ပံ့ပေးနိုင်ဖွယ်ရပါတယ်။ ဒါက အခုလိုမျိုး 5G စမတ်ဖုန်းစျေးကွက်ကို စတင်နေတဲ့အချိန်မှာ အားနည်းချက်တစ်ခုဖြစ်လာနိုင်သေးတယ်။

ဘာပဲဖြစ်ဖြစ် အခုသတင်းဟာ Huawei အတွက်တော့ သတင်းကောင်းတစ်ခုလို့ ပြောနိုင်ပြီးတော့ နောက်ပိုင်းမှာ TSMC ကနေ Chip တွေပြန်လည်ထောက်ပံ့ပြီးတော့ ကိုယ်ပိုင် Kirin Chipset တွေကို ပြန်လည်ထုတ်လုပ်နိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena