Snapdragon 8 Gen 1 Chipset ကို ကြေညာပြီးကတည်းက TSMC ရဲ့ 4nm Node ကို အသုံးပြု ဖန်တီးထားမယ့် + Version ရဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ Snapdragon 8 Gen 1+ Chipset ဟာ Non-plus Version ထက် အပူလွန်ကဲမှု သက်သာစေမှာ ဖြစ်သလို စွမ်းဆောင်ရည် ပိုကောင်းစေမယ်လို့ သတင်း ပေါက်ကြားနေပါတယ်။
အခုတော့ စိတ်ချယုံကြည်ရတဲ့ သတင်းအရင်းအမြစ် ၁ ခုက Snapdragon 8 Gen 1+ Chipset ကို မေလမှာ ကြေညာမယ်လို့ ပြောပါတယ်။ ကြေညာပြီးတာနဲ့ အဲဒီ Chipset ထည့်သွင်းထားမယ့် Device တွေကို မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ Snapdragon 8 Gen 1+ Chipset ပါတဲ့ စမတ်ဖုန်းတွေကို မေလကုန်မှာ ကြေညာနိုင်ပြီး ဇွန်လမှာ ရောင်းချနိုင်ပါတယ်။ အရင်ဆုံး ထွက်လာမယ့် စမတ်ဖုန်းတွေထဲမှာ Lenovo , Motorola , OnePlus နဲ့ Xiaomi တို့ ပါဝင်လာနိုင်ပါတယ်။
Snapdragon 8 Gen 1 ရဲ့ မော်ဒယ်နံပါတ်ဟာ SM8450 ဖြစ်ပြီး Snapdragon 8 Gen 1+ က SM8475 ဖြစ်ပါတယ်။ အဲဒီအတွက် Qualcomm ဟာ Snapdragon 8 Gen 1+ ကို Snapdragon 8 Gen 1 ထက် ပိုမို သိသာထင်ရှားစွာ ကောင်းမွန်အောင် ဖန်တီးထားမယ့် သဘော ရှိပါတယ်။
Qualcomm ဟာ 7 Series Chip တွေကိုလည်း မေလလောက်မှာ ကြေညာနိုင်ပြီး စမ်းသပ်ဖို့နဲ့ ထုတ်ကုန် ရောင်းချဖို့အတွက် ပြင်ဆင်ဖို့ အဲဒီ Chip တွေဟာ စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ လက်ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Ref : gsmarena