Qualcomm ဟာ စွမ်းရည်မြင့် Device တွေအတွက် Snapdragon 8 Gen 1 Chipset ကို မကြာခင်က ဖြန့်ချိပေးထားပြီး အဲဒီ Chipset ပါတဲ့ ပထမဆုံး ဖုန်း ထွက်ရှိလာပါပြီ။ Qualcomm က အဲဒီမှာတင် ရပ်မနေဘဲ နောက်မျိုးဆက် Snapdragon 8 Gen 2 ကို စတင် ဖန်တီးနေပြီလို့ သတင်းထွက်လာပါတယ်။ Chip နယ်ပယ်မှ Tipster က အဲဒီ Chipset ထွက်လာမယ့် အချိန်ကိုလည်း ပြောပြထားပါတယ်။
စွမ်းရည်မြင့် Snapdragon 8 Gen 1 Processor ကို မကြာခင်ထွက်လာမယ့် စွမ်းရည်မြင့် ဖုန်းတွေမှာ ပါလာတော့မှာပါ။ အဲဒီ Chipset ဟာ အရင်မျိုးဆက်ထက် တိုးတက်မှုများစွာ ပါလာပြီး Chipset နယ်ပယ်မှာ ထိပ်ဆုံးအဆင့်ကို ပိုင်ဆိုင်ထားပါတယ်။ အခုတော့ တရုတ် လူမှုကွန်ရက် ဝီဘိုက Tipster ဖြစ်တဲ့ Mobile Chip Masters က နောက်မျိုးဆက် Snapdragon 8 Gen 2 ကို ၂၀၂၂ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ဖြန့်ချိမယ်လို့ သတင်းပေးလာပြီး သူက ၂၀၂၂ ခုနှစ် မေလထဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
Snapdragon 8 Gen 2 ဟာ စွမ်းဆောင်ရည် အပိုင်းမှာ Snapdragon 8 Gen 1 နဲ့ MediaTek Dimensity 9000 ထက် ပိုကောင်းလာမယ်လို့ ထင်ရပါတယ်။ Qualcomm ဟာ Snapdragon 8 Gen 1 ရဲ့ စွမ်းဆောင်ရည်ကို လေ့လာနေပြီး ဒီထက်ပိုကောင်းအောင် Snapdragon 8 Gen 2 ကို ဖန်တီးနေပါတယ်။
Chip ထုတ်လုပ်သူတွေရဲ့ ပြိုင်ပွဲက ပြင်းထန်လာပါပြီ။ အထူးသဖြင့် Chip နယ်ပယ်မှာ နာမည်ကြီးတွေ ဖြစ်တဲ့ Qualcomm နဲ့ MediaTek တို့ဟာ စွမ်းရည်ပိုမြင့်သလို ရေရှည်ခံပြီး ထူးခြားဆန်းသစ်တဲ့ Chip တွေကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။
Ref : gizmochina