Qualcomm ဟာ Snapdragon 888 Processor အသစ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Snapdragon 888 ရဲ့ စွမ်းဆောင်ရည်အတွက် Benchmark ရလဒ်တွေအများအပြားကို တရားဝင်ထုတ်ပြန်လိုက်ပြီလို့ သိရပါတယ်။

တစ်ခုရှိတာကတော့ အခုထုတ်ပြန်လိုက်တဲ့ Benchmark Number တွေဟာ Qualcomm Reference Device ပေါ်မှာ စမ်းသပ်ထားတာဖြစ်တဲ့အတွက် တကယ်တမ်း စမတ်ဖုန်းကုမ္ပဏီတွေက မိတ်ဆက်တဲ့အချိန်မှာတော့ အနည်းငယ်ကွာခြားနိုင်ပါတယ်။ အဆိုပါ Qualcomm Reference Device အနေနဲ့ကတော့ Snapdragon 888 Chipset အပြင် 12GB LPDDR5 RAM ၊ 512GB UFS 3.0 Storage နဲ့ 6.65″ 120Hz Full HD Display တွေပါဝင်မယ်လို့ သိရပါတယ်။

Qualcomm ကနေ ထုတ်ပြန်လိုက်တဲ့ Benchmark ရလဒ်တွေမှာ နာမည်ကြီး AnTuTu ၊ GeekBench ၊ GFXBench ၊ Aztec Normal ၊ Manhattan 3.0 အပြင် တခြားသော Benchmark App အများအပြားလည်းပါဝင်တာဖြစ်ပါတယ်။

AnTuTu Score အနေနဲ့ကတော့ 735,439 Points ရရှိထားပြီးတော့ Kirin 9000 Chipset အသုံးပြုထားတဲ့ Huawei Mate 40 Pro+ တောင်မှ 698,654 Points ပဲရရှိထားတာဖြစ်ပါတယ်။ Snapdragon 865 ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Mi 10 Ultra ဆိုရင် 671,045 Points ပဲရရှိခဲ့တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို ကောင်းမွန်လာတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု ဒီဇင်ဘာလကုန်မှာ ပထမဆုံး Snapdragon 888 ဖုန်းဖြစ်လာမယ့် Xiaomi Mi 11 ကို စတင်မြင်တွေ့ရမှာဖြစ်သလို Samsung ကလည်း ကိုယ်ပိုင် Exynos 2100 Chipset ကို လာမယ့် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။

Ref – GSM Arena