ကမ္ဘာ့ လူသိအများဆုံး ဘောလုံး ကလပ်အသင်း ၁ ခု ဖြစ်တဲ့ Manchester United နဲ့ နှစ်ရှည် မဟာဗျူဟာကျ ပူးပေါင်းမယ်လို့ Qualcomm က ကြေညာလိုက်ပါတယ်။ Qualcomm ဟာ Manchester United ကို စပွန်ဆာ ပေးတော့မှာ ဖြစ်ပြီး Snapdragon Brand ကို ဘောလုံးအသင်းမှာ ပေါများစွာတွေ့လာရတော့မှာ ဖြစ်ပါတယ်။ Qualcomm ဟာ Manchester United ကို အမှီပြုကာ Snapdragon Brand ကို လူမြင်သထက်မြင်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Manchester United announce Qualcomm as new global partner

Qualcomm က မဟာဗျူဟာကျ ပူးပေါင်းမှုမှာ Old Trafford နဲ့ ကမ္ဘာအဝန်းမှာ Fans တွေအတွက် ထူးခြားဆန်းသစ်တဲ့ ပွဲအခမ်းအနားတွေကို ဖန်တီးပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် Qualcomm ဟာ ဘောလုံးပွဲ နေ့ရက်တွေမှာ Fans တွေရဲ့ အတွေ့အကြုံ ပိုကောင်းစေဖို့ Old Trafford က မိုဘိုင်း ဆက်သွယ်မှုကို တိုးတက်အောင် Manchester United ကို အကြံပေးသွားမှာ ဖြစ်ပါတယ်။

Qualcomm starts sponsoring Manchester United, putting the Snapdragon brand front and center - GSMArena.com news

Manchester United ရဲ့ Alliances and Partnerships မှ စီအီးအို Victoria Timpson က “ Snapdragon ပလက်ဖောင်းတွေဟာ ကမ္ဘာ့အဝန်းက Fans တွေအတွက် အံ့မခန်းထူးခြားတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးမှာ ဖြစ်ပြီး သူတို့ ချစ်တဲ့ ဘောလုံးအသင်းနဲ့ ပိုမို နက်ရှိုင်းစွာ ထိတွေ့ဆက်ဆံခွင့်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်ကြပါ။ သေချာတာက Old Trafford မှာ Snapdragon Branding များစွာကို တွေ့မြင်ရမှာ ဖြစ်ပြီး လာမယ့် ရာသီမှာ ကစားသမားတွေရဲ့ ရှပ်အင်္ကျီတွေမှာ ရိုက်နှိပ်ထားနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gsmarena