Qualcomm က Snapdragon 8 Gen 3 Chipset ကြေညာမယ့်နေ့ကို အတည်ပြုလိုက်ပြီး ကုမ္ပဏီက စွမ်းရည်မြင့် SoC ကို အရင်နှစ်တွေကထက် စောကာ အောက်တိုဘာလ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း ကြေညာမှာ ဖြစ်ပါတယ်။ Snapdragon 8 Gen 3 ဟာ အရင်မျိုးဆက်တွေထက် သိသိသာသာ စွမ်းရည်ပိုမြင့်ကာ စွမ်းအင်စားသုံးမှု နည်းပါးလာမှာပါ။

Qualcomm Set to Unveil Snapdragon 8 Gen 3 on October 24 - Gizbot News

ထုံးစံအတိုင်း Qualcomm က Hawaii က Maui မှာ Snapdragon Summit ကို ကျင်းပမှာ ဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အရင်နှစ်ကထက် ၁ လစောကာ ပြုလုပ်မှာပါ။ Snapdragon 8 Gen 1 နဲ့ Gen 2 Series မှာ သုံးထားတဲ့ 1+2+2+3 အစား အဲဒီ Chip မှာ 1+5+2 Architecture ကို သုံးထားမယ်လို့ သိရပါတယ်။

Snapdragon 8 Gen 3 Gets An Official Announcement Date From Qualcomm And It  Is Happening Much Earlier Than Usual

Snapdragon 8 Gen 3 မှာ Cortex-X4 Prime Core ၁ လုံး၊ Cortex-A720 Core ၅ လုံးနဲ့ Cortex-A520 Core ၂ လုံးနဲ့အတူ Adreno 750 GPU ထည့်သွင်းထားမှာ ဖြစ်ကာ စွမ်းဆောင်ရည် အများကြီး တိုးတက်လာမှာပါ။ CPU Package မှာလည်း L3 Cache ကို 8MB ကနေ 10MB အထိ တိုးမြှင့်ထားမှာပါ။

တရုတ်က နာမည်ကြီး Tipster Digital Chat Station က Xiaomi 14 Series ဟာ Qualcomm ရဲ့ စွမ်းရည်မြင့် Chip အသစ်ကို အရင်ဆုံး သုံးထားမယ့် ဖုန်းတွေ ဖြစ်ပြီး နိုဝင်ဘာလမှာ ထွက်လာမယ်လို့ ပြောပါတယ်။ နောက်လတွေမှာ ထွက်လာမယ့် vivo X100 Series , iQOO 12 Series , Redmi K70 Series, OnePlus 12 နဲ့ realme GT5 တို့မှာလည်း Snapdragon 8 Gen 3 ကို သုံးထားမှာပါ။

Ref : gsmarena