ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Qualcomm ရဲ့ “no-license, no-chips” မူဝါဒကို အမေရိကန်တရားရုံးက ပြိုင်ဆိုင်မှုကိုဆန့်ကျင်တဲ့မူဝါဒအဖြစ် သတ်မှတ်ပြီး အတည်ပြုခွင့်ပြုဖို့ ပယ်ချခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော Ninth Circuit က Qualcomm ကို အနိုင်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Qualcomm အနေနဲ့ “no-license, no-chips” ကိုတရားဝင် ကျင့်သုံးခွင့်ရသွားတာဟာ ကြီးမားတဲ့ အောင်ပွဲကို ရသွားတာပဲ ဖြစ်ပါတယ်။ FTC (ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်) ကတော့ OMEs တွေက ပြိုင်ဘက်ကုမ္ပဏီတွေကနေ Chip တွေဝယ်တိုင်း အခွန်တွေထပ်တိုးစေခြင်းဖြင့် Qualcomm ဟာ အခြားပြိုင်ဘက်တွေကို ပြိုင်ဆိုင်မှုနယ်ပယ်ထဲက တွန်းထုတ်နေတယ်လို့ စောဒကတက်ခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်ဟာ ကုမ္ပဏီတွေအနေနဲ့ Qualcomm ရဲ့ ထုတ်ကုန်တွေအသုံးမပြုခဲ့ဘူးဆိုရင်တောင် မရှိမဖြစ်လိုအပ်တဲ့ အခြေခံမူပိုင်ခွင့်အတွက် လိုက်နာဖို့ ဖိအားပေးနေသလို ဖြစ်ခဲ့ရပါတယ်။ ဒီအတွက် Qualcomm ဟာ ဈေးကွက်ကို လက်ဝါးကြီးအုပ်လိုတယ်ဆိုပြီး စုပေါင်းတရားစွဲတာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ မူပိုင်ခွင့်ကိုအလွဲသုံးစားလုပ်မှု (မူပိုင်ခွင့်ကိုအသုံးချပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်လိုမှု) လို့ ခေါင်းစဉ်တပ်ပါတယ်။

Qualcomm ရဲ့ မူပိုင်ခွင့်နဲ့ တရားရင်ဆိုင်ရတာဆိုရင် Apple ကို အနိုင်ရသွားတာပဲ လူသိများကြပါတယ်။ ဒါပေမယ့် တရုတ်မှာ ဒေါ်လာ ၉၇၅ သန်း၊ တောင်ကိုရီးယားမှာ ဒေါ်လာ ၈၅၄ သန်း၊ ဥရောပသမဂ္ဂမှာ ဒေါ်လာ ၁.၂ ဘီလီယံ၊ ထိုင်ဝမ်မှာ ဒေါ်လာ ၇၇၄ သန်း ဒဏ်ကြေးချမှတ်ခံခဲ့ရတာတွေလည်း ရှိပါတယ်။

မူပိုင်ခွင့်ကို အသုံးချပြီး မတရားသဖြင့်အမြတ်ထုတ်ခြင်းတွေကနေ ကာကွယ်ဖို့နဲ့ ကုမ္ပဏီတိုင်းကို မျှတတဲ့အခွင့်အရေးပေးဖို့ စည်းမျဉ်းတွေချမှတ်ထားတယ်ဆိုပေမယ့် အခုထွက်လာတဲ့ အမိန့်ချမှတ်မှုဟာ စိတ်ပျက်ဖွယ်ကောင်းတယ်လို့ FTC ကဆိုပါတယ်။

Ref: Gizmochina