Ray-Ban Stories စမတ် မျက်မှန်မှာ Facebook Messenger က Message တွေကို လက်ခံနိုင်၊ ပေးပို့နိုင်ပြီလို့ Meta CEO Mark Zuckerberg က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ သူက စမတ် မျက်မှန်အတွက် အစောပိုင်း လုပ်ဆောင်ချက်တွေ ဖြစ်ပြီး နောက်ပိုင်းမှာ ပိုများတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။

Facebook's Ray-Ban Stories glasses look nearly normal - CNET

Zuckerberg က စမတ်မျက်မှန်ရဲ့ မိုက်ကရိုဖုန်း၊ စပီကာနဲ့ Assistant ကို အသုံးပြုကာ Message တွေ ပေးပို့နိုင်သလို ဝင်လာတဲ့ Message တွေကို စမတ် မျက်မှန်က အသံထွက် ဖတ်ပြပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် Facebook Messenger ရဲ့ Audio Call ကို စမတ်မျက်မှန်ကနေ အသုံးပြုလို့ရလာပြီ ဖြစ်ပြီး Zuckerberg က ၂၀၂၂ ခုနှစ်မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးဖို့ ကတိပေးထားပါတယ်။

Ray-Ban Stories Review: Facebook On Your Face

Wearable နည်းပညာမှာ တစ်ကမ္ဘာလုံးမှာ လူသုံးများတဲ့ Facebook Messenger Support ထည့်သွင်းပေးလိုက်တာ တော်တော် အသုံးဝင်ပါတယ်။  Ray-Ban Stories စမတ် မျက်မှန်ရဲ့ အဓိက လုပ်ဆောင်ချက်က ကင်မရာ ဖြစ်ပြီး Assistant ကို အသုံးချကာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

Ray-Ban Stories စမတ် မျက်မှန်မှာ Facebook Messenger Support ကို Software Update ကနေ ထည့်သွင်းပေးလိုက်တာ ဖြစ်ပြီး Zuckerberg က အသံ အတိုး၊ အကျယ်နဲ့ သီချင်းတွေကို ပါးစပ်ကပြောလိုက်တာနဲ့ ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။ မျက်မှန်ကိုင်းရဲ့ Touchpad ကို အသုံးမပြုချင်သူတွေအတွက် တော်တော် အဆင်ပြေပြီး “Hey Facebook, Pause” လို့ ပြောလိုက်တာနဲ့ အိုကေပါပြီ။

Ref : theverge