Razer ဟာ အခုနောက်ပိုင်းမှာ Gaming Laptop တွေအပြင် Gaming Product တွေကိုလည်း ဆက်တိုက်ထုတ်လုပ်လာနေတာဖြစ်ပါတယ်။ အခုလည်း စမတ်ဖုန်းအသုံးပြုသူ Gamer တွေအတွက် Razer Hammerhead TWS Earbuds အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အခုနောက်ဆုံးမိတ်ဆက်လိုက်တဲ့ Hammerhead TWS Earbuds ဟာ Design ပိုင်းမှာ ယခင် Generation တွေနဲ့ အများကြီးကွာခြားခြင်းမရှိပေမယ့် Feature အသစ်တွေတော့ ထပ်မံပါဝင်လာပါတယ်။ အရင်ဆုံးအနေနဲ့ အခုနောက်ပိုင်း TWS Earbuds အများအပြားမှာ ပါဝင်လာတဲ့ Active Noise Cancellation (ANC) Feature ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Razer ရဲ့ ပြောကြားချက်အရတော့ Hammerhead TWS Earbuds မှာပါဝင်တဲ့ ANC နည်းပညာဟာ အဆင့်မြင့်မားတဲ့အတွက် လေယာဥ်သံကိုတောင်မှ ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး တခြားသော ပြင်ပဆူညံသံတွေကိုလည်း ဖယ်ရှားပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ANC ပိုင်းမှာအကောင်းဆုံးဖြစ်နေတဲ့ Sony WF-1000XM4 နဲ့ Apple AirPods Pro တို့ကို ယှဥ်နိုင်ပါ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

နောက်ထပ် Feature တစ်ခုကတော့ Razer Hammerhead Earbuds တွေမှာ RGB Lighting ကို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Razer Audio App ကို အသုံးပြုပြီး စိတ်ကြိုက်အရောင်ကို သတ်မှတ်နိုင်သလို Razer Chroma RGB ကိုလည်း Support ပြုလုပ်တာကြောင့် တခြားသော Razer Product တွေနဲ့လည်း RGB ကို Sync ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။

ကျန်တဲ့ Specification တွေအရလည်း Razer Hammerhead TWS Earbuds ဟာ Bluetooth Version 5.2 ကို အသုံးပြုထားပြီး ပုံမှန် ANC မပါဘဲ အသုံးပြုမယ်ဆိုရင် ၆.၅ နာရီနားဆင်နိုင်မှာဖြစ်ပြီး ANC နဲ့ RGB Feature ကိုအသုံးပြုမယ်ဆိုရင် ၄ နာရီဆက်တိုက်နားဆင်နိုင်မှာဖြစ်ပါတယ်။ Charging Case ကနေတစ်ဆင့် အများဆုံး ၃၂ နာရီအထိ နားဆင်နိုင်မှာဖြစ်ပါတယ်။

Razer Hammerhead TWS Earbuds ဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁၃၀ (မြန်မာငွေ ၂ သိန်း ၁ သောင်းကျော်) ကျသင့်မှာဖြစ်ပြီး Razer Fan တွေနဲ့ Gamer တွေအတွက်ကတော့ ရွေးချယ်စရာ TWS Earbuds တစ်ခုဖြစ်လာဦးမှာပါ။

Ref – Gizmo China