Razer ဟာ လက်ရှိအချိန်မှာ Gaming စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်ခြင်းမရှိတော့ပေမယ့် တခြားသော Gaming Accessories တွေနဲ့ Product တွေအများအပြားကို ဆက်လက်ထုတ်လုပ်နေတုန်းပဲဖြစ်ပါတယ်။ အခုလည်း Gamer တွေအတွက် သဘောကျဖွယ်ဖြစ်လာမယ့် TWS Earbuds အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ TWS Earbuds ကိုတော့ Razer Hammerhead Pro လို့ နာမည်ပေးထားပြီးတော့ AirPods Pro လိုမျိုး Active Noise Cancellation Feature လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Razer ရဲ့ ကိုယ်ပိုင် THX Audio နည်းပညာကို အသုံးပြုထားတဲ့အတွက် Sound Quality ပိုင်းမှာလည်း အားရဖို့ကောင်းမှာပါ။

Razer ဟာ Razer Opus နာမည်နဲ့ THX Audio ပါဝင်တဲ့ ANC Headphone ကိုလည်း မိတ်ဆက်ထားခဲ့တဲ့အတွက် အခု Hammerhead Pro Earbuds ဟာ ဆင်တူတဲ့ Audio Quality ကိုပြန်လည်ရရှိမယ်လို့ ခန့်မှန်းရပါတယ်။ ANC ပိုင်းကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် Silicon Eartips အပြင် Comply Memory Foam Eartip တွေကိုလည်း အများအပြားထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

နောက်ထပ် Gaming Mode လည်းပါဝင်မှာဖြစ်ပြီး Game Audio Latency ကို 60ms အထိ လျော့ချပေးနိုင်မယ်လို့ သိရပါတယ်။ ANC Mode အပြင် Advanced Hybrid ANC Mode ၊ Quick Attention Mode ၊ Virtual Assistant အတွက် Touch Gesture Shortcut တွေကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ IPX4 Rating လည်းပါဝင်မှာဖြစ်ပါတယ်။

Battery Life ပိုင်းမှာတော့ တကြိမ်အားသွင်းထားမယ်ဆိုရင် ၄ နာရီ အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case ကနေ ပြန်လည်အားသွင်းရမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ $200 (မြန်မာငွေ ၂ သိန်း ၇ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Engadget