ဒူဘိုင်းဟာ ထူးထူးခြားခြား အလုပ်တွေ လုပ်ပြတဲ့ နေရာမှာ ကမ္ဘာမှာ နာမည်ကြီးပါတယ်။ အခုလည်း Marvel ရဲ့ ရုပ်ရှင်ထဲက Iron Man လိုမျိုး မိုးပျံလူသား ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲမှာ လူ ၈ ယောက် ပါဝင်ခဲ့ပြီး သူတို့မှာ ဂျက် အင်ဂျင်တွေ တပ်ဆင်ထားတဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားကြပါတယ်။

ဒါဟာ ကမ္ဘာ့ ပထမဆုံး Jet Suit ပြိုင်ပွဲ ဖြစ်ပြီး ဒူဘိုင်း အာကစား ကောင်စီနဲ့ Jet Suit ကို တီထွင်ထားတဲ့ Gravity Industries တို့ ပူးပေါင်းကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ၈ ယောက်ဟာ ရေထဲမှာ ချထားတဲ့ လေပူဖေါင်း အတားအဆီး ၁၂ ခုအကြားမှာ ပျံသန်းရင်း ၁ ကီလိုမီတာ (၀.၆ မိုင်) အကွာအဝေးလမ်းကြောင်းမှာ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Jet Suit ဟာ အလွန်လျှင်မြန်တဲ့အတွက် ပွဲစဉ် ၁ ခုဟာ စက္ကန့် ၉၀ လောက်ပဲ ကြာမြင့်ပါတယ်။

Gravity Industries founder Richard Browning says his record for top speeds with the jetpack is over 130 kilometers per hour.

Jet Suit မှာ အင်ဂျင် ၅ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ အရွယ်ကြီး အင်ဂျင် ၁ လုံးနဲ့ လက်တွေမှာ အရွယ်သေး အင်ဂျင် ၂ လုံးစီ တပ်ဆင်ထားပါတယ်။ Jet Suit ကို အလူမီနီယမ်၊ တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပြီး လူ ၁ ယောက်ကို လေထဲ ဆွဲမသွားနိုင်ပါတယ်။

ပိုင်းလော့တွေဟာ သူတို့ရဲ့ လက်မောင်းကို နေရာပြောင်းခြင်းဖြင့် မောင်းနှင်တဲ့ လမ်းကြောင်းကို ထိန်းချုပ်ရတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ လက်ကို အောက်စိုက်လိုက်ရင် အပေါ်ကို ပျံတက်သွားမှာ ဖြစ်ပြီး လက်ကို ဘေးဆန့်တန်းလိုက်ရင် အောက်ဆင်းသွားမှာပါ။ လေယာဉ် လောင်စာဆီ သို့မဟုတ် ဒီဇယ်ကို အသုံးပြုနိုင်ပြီး တစ်နာရီကို ၁၃၆ ကီလိုမီတာ အမြန်နှုန်း ( တစ်နာရီကို ၈၅ မိုင်) နဲ့ ပျံသန်းနိုင်ပါတယ်။

Ref: cnn