realme 10 Pro Coca-Cola Edition ကို ကြေညာလိုက်ပြီ ဖြစ်ပြီး ဒီဇိုင်း ဆန်းသစ်ထားကာ Customization များစွာ ပြုလုပ်နိုင်ပါတယ်။ အလုံးရေ ၁,၀၀၀ ပဲ ရောင်းချမှာ ဖြစ်ပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားကာ ရူပီး ၂၀,၉၉၉ (၂၅၅ ဒေါ်လာ)နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Realme 10 Pro Coca-Cola Edition arrives with refreshing design and rich retail box

ဖုန်း အနောက်ဘက်မှာ Coca-Cola Theme ကို အသုံးပြုထားပြီး ပုလင်းဖုံးပုံစံ Pin ၁ ခု၊ စတစ်ကာ များစွာနဲ့ realme ရဲ့ Realmeow လာဘ်ကောင် အရုပ်လေး ပါပါတယ်။

Realme 10 Pro Coca-Cola Edition arrives with refreshing design and rich retail box

ဆော့ဖ်ဝဲ အပိုင်းမှာ Custom Charging Animation တွေ ပါလာပြီး Wallpaper တွေကိုလည်း Coca-Cola Theme ဖန်တီးထားပါတယ်။ Icon တွေကိုလည်း ဆန်းသစ်ထားပြီး Notification Sound နဲ့ Ringtone တွေကို Coca-Cola Theme ပြုလုပ်ထားပါတယ်။

Coca-Cola Edition ရဲ့ Specs တွေဟာ ရိုးရိုး realme 10 Pro နဲ့ တူညီတဲ့အတွက် စွမ်းဆောင်ရည်က မကွာခြားပါဘူး။

realme 10 Pro Coca-Cola Edition ကို realme.com နဲ့ Flipkart မှာ ရောင်းချနေပြီ ဖြစ်ပြီး ဒီလ ၁၄ ရက်နေ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ရိုးရိုး realme 10 Pro 8/128GB ထက် ရူပီး ၁,၀၀၀ ပိုများပါတယ်။

Ref : gsmarena