realme ဟာ realme 10 Pro 5G , realme 10 Pro+ 5G နဲ့ realme 10 Pro 5G Coca-Cola Edition ကို ကြေညာပြီးပါပြီ။ အခုတော့ ကုမ္ပဏီက realme 10T 5G ကို မတ်လ ၂၁ ရက်နေ့ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပြီး အဓိက Specs တွေကို အတည်ပြုလိုက်ပါတယ်။

Realem 10T 5G launch date

realme 10T 5G မှာ Dimensity 810 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 256GB Storage ပါလာမှာပါ။ 90Hz Refresh Rate နဲ့ အနောက်ဘက်မှာ 50MP Main ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ အနက်နဲ့အပြာရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး တခြား Specs တွေကို မသိရသေးပါဘူး။

realme 10T 5G ရဲ့ မော်ဒယ်နံပါတ်က RMX3612 ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း အိန္ဒိယမှာ ကြေညာခဲ့တဲ့ realme 9i 5G ရဲ့ မော်ဒယ်နံပါတ်နဲ့ တူညီနေပါတယ်။ ကုမ္ပဏီက မျှဝေထားတဲ့ ပိုစတာအရ realme 10T 5G ရဲ့ အနောက်ဘက်ဟာ realme 9i 5G နဲ့ တူညီနေပါတယ်။ အဲဒီအတွက် realme 10T 5G ဟာ realme 9i 5G ကို အမည်ပြောင်းထားတာ ဖြစ်နိုင်ပါတယ်။

Realme 9i 5G

realme 9i 5G ရဲ့ Specs တွေကို လေ့လာကြည့်ရင် 6.6 Inch IPS LCD FullHD+ 90Hz မျက်နှာပြင် တပ်ဆင်ထားပြီး Dimensity 810 Chipset မောင်းနှင်ထားပါတယ်။ 6GB LPDDR4x RAM အထိ ထည့်ထားပြီး 18W Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။ Android 12 OS အခြေပြု realme UI 3.0 မောင်းနှင်ထားပါတယ်။

အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Portrait , 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

Ref : gizmochina