realme က အိန္ဒိယမှာ Buds Air 5 နဲ့ Buds Air 5 Pro ကို ကြေညာလိုက်ပါတယ်။ Buds Air 5 မှာ 12.4mm Drivers , Active Noise Cancelation (ANC) နဲ့ Charging Case နဲ့ ပေါင်းရင် ၃၈ နာရီ သီချင်းနားထောင်နိုင်တဲ့ ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

နားကြပ်မှာ Bluetooth 5.4 ဆက်သွယ်မှု ပါလာပြီး realme က 45ms Low Latency Mode ထည့်သွင်းပေးထားပါတယ်။ မိုက်ကရိုဖုန်း ၆ လုံးပါတဲ့ Noise Cancelling System နဲ့ Google Fast Pair ပါလာပါတယ်။ IPX5 ရေစက်ရေပေါက် ခံနိုင်တဲ့ စွမ်းရည် ထည့်ထားပြီး AAC နဲ့ SBC Audio Codecs တွေကို ထောက်ပံ့ပါတယ်။

Buds Air 5 Pro မှာ 11mm Woofers နဲ့ 6mm Planar Drivers , ANC ထည့်သွင်းထားပြီး High-bitrate LDAC Codec ထောက်ပံ့ထားပါတယ်။ Bluetooth 5.3 နဲ့ ချိတ်ဆက်နိုင်ပြီး Dual-device Pairing ထောက်ပံ့ပါတယ်။ ANC စနစ်က 50dB Noise အထိ လျှော့ချပေးနိုင်ပြီး နားကြပ်တွေမှာ 360 Degree Spatial Audio ပါပါတယ်။

Buds Air 5 ကို ၄၅ ဒေါ်လာ သတ်မှတ်ထားပြီး Deep Sea Blue နဲ့ Arctic White အရောင်တွေထုတ်လုပ်ထားပါတယ်။ Buds Air 5 Pro ကို ၆၀ ဒေါ်လာ သတ်မှတ်ထားပြီး Sunrise Beige နဲ့ Astral Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဒီလ ၂၉ ရက်နေ့ အိန္ဒိယမှာ စတင် ရောင်းမှာပါ။

Ref : gsmarena