realme က အိန္ဒိယမှာ realme 11 5G ကို ကြေညာလိုက်ပါတယ်။ realme 11 5G မှာ 6.72” IPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထည့်သွင်းထားပါတယ်။

Realme 11 5G

Dimensity 6100+ Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ပါသလို microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 108MP ISOCELL HM6 ပင်မ ကင်မရာ ပါလာပြီး realme ရဲ့ အဲဒီဈေးတန်း စမတ်ဖုန်းတွေထဲမှာ အကြီးမားဆုံး ပင်မ Sensor ဖြစ်လာပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

Realme 11 5G core specs

67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Android 13 အခြေပြု realme UI 4.0 ထည့်သွင်းထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ နားကြပ်ပေါက် ပါပါတယ်။

realme 11 5G အတွက် Glory Black နဲ့ Glory Gold ၂ ရောင်ထုတ်လုပ်ထားပါတယ်။ 8/128GB Version ကို ၂၂၉ ဒေါ်လာနဲ့ 8/256GB Version ကို ၂၄၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့ အိန္ဒိယမှာ စတင် ရောင်းချပေးမှာ ဖြစ်ပြီး realme ရဲ့ အွန်လိုင်းစတိုးနဲ့ မိတ်ဖက် စတိုးဆိုင်တွေကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena