realme 11 Series ကို မေလ ၁၀ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အနည်းဆုံး ဖုန်း ၁ လုံးမှာ စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Island နဲ့ အနောက်ဘက်မှာ သားရေ ဒီဇိုင်း ပါလာမယ်ဆိုတာ အရင်က သိထားပြီးပါပြီ။

Realme 11 Pro+ official image confirms design

အခုတော့ ကုမ္ပဏီက အဲဒီ ဖုန်းရဲ့ တရားဝင် ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။ အဲဒီဖုန်းက realme 11 Pro+ ဖြစ်ပြီး အနောက်ဘက်မှာ သားရေနဲ့ ချည်သား ပေါင်းစပ်ထားပါတယ်။ အဲဒီ အရောင်ရဲ့ အမည်က Sunrise Beige ဖြစ်ပါတယ်။

အဲဒီ ဒီဇိုင်းကို Bvlgari က ဒီဇိုင်နာချုပ် Matteo Menotto နဲ့ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး သူဟာ အရင်က Gucci က အကြီးတန်း ဒီဇိုင်နာ ဖြစ်ပါတယ်။ နေထွက်လာတဲ့ အရောင်ကို အခြေပြု ဖန်တီးထားတာ ဖြစ်ပြီး သားရေနဲ့ ချည်သား ပေါင်းစပ်ထားတာက ပရီမီယမ် ဆန်ပါတယ်။

Realme 11 Pro+ official image confirms design

ဖုန်းရဲ့ အထက်နဲ့ အောက်ခြေဟာ ပြားချပ်ပေမယ့် AMOLED မျက်နှာပြင်ရဲ့ ဘေးဘက်တွေက ကွေးညွှတ်ပါတယ်။ ဓါတ်ပုံအရ OIS ပါတဲ့ 200MP Main ကင်မရာ တပ်ဆင်ထားပြီး Samsung ISOCELL HP3 Sensor ဖြစ်နိုင်ပါတယ်။

နောက်လမှာ realme 11 Pro နဲ့ realme 11 Pro+ ကို ကြေညာတော့မှာ ဖြစ်ပြီး အရောင် ၃ မျိုးထုတ်လုပ်ထားမှာပါ။ ၂ မျိုးက Oasis Green နဲ့ Astral Black ဖြစ်ပြီး နောက် အရောင်ကို မသိရသေးပါဘူး။

Ref : gsmarena