realme 12+ 5G ကို မကြာခင်က TENAA နဲ့ Geekbench မှာတွေ့ခဲ့ရပြီး မလေးရှားမှာ ဒီလ ၂၉ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။ realme 12 Pro+ ကိုပါ မလေးရှားအတွက် မိတ်ဆက်မှာ ဖြစ်ပါတယ်။

Realme 12+ 5G's launch date and design officially revealed - GSMArena.com news

realme ရဲ့ မလေးရှားဌာနက realme 12+ 5G ရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေထားပြီး ဒီဇိုင်းကို လေ့လာလို့ရပါတယ်။ realme 12 Pro ၊ realme 12 Pro+ နဲ့မတူဘဲ 12+ မှာ ပြားချပ်တဲ့ ဒီဇိုင်းကို သုံးထားပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါတဲ့ စက်ဝိုင်းပုံ Island ထည့်သွင်းထားပါတယ်။ (ပင်မ ကင်မရာမှာ OIS ပါပါတယ်။ )

Realme 12+ 5G (left) with Realme 12 Pro+ (right) | Source: Marcus Lim, CEO, Realme Malaysia

realme 12+ 5G ရဲ့ အ‌နောက်ဘက်ကို သားရေအတုနဲ့ ဖုံးအုပ်ထားပြီး အနည်းဆုံး အရောင် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

realme က 12+ 5G ရဲ့ Specification အသေးစိတ်ကို မပြောသေးပေမယ့် Geekbench က ဒေတာတွေအရ အဲဒီ စမတ်ဖုန်းမှာ MediaTek Dimensity 7050 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ TENAA က စာရင်းအရ 16GB RAM အထိ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ realme 12+ 5G ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရသေးပြီး ၂၉ ရက်နေ့ကျမှ အပြည့်အစုံ သိရမှာ ဖြစ်ပါတယ်။

Ref : gsmarena