realme 12 ကို ကြေညာလိုက်ပြီ ဖြစ်ပြီး realme 12 Series စမတ်ဖုန်း ၄ လုံး ရှိလာပါပြီ။ realme 12 မှာ Dimensity 6100+ Chipset , 108MP Main ကင်မရာ (3x in-sensor Zoom) နဲ့ 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

Realme 12 introduced with Dimensity 6100+ and 108MP main cam

realme 12 မှာ 6.72” IPS LCD FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး 950 Nits Peak Brightness နဲ့ 8MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 108MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

5,000 mAh battery with 45W charging

MediaTek Dimensity 6100+ မောင်းနှင်ထားပြီး 6/8GB RAM နဲ့ 128GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Dynamic Button ပါတဲ့ realme ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။

Realme 12 launches with a 108 MP camera, Dimensity 6100+, Dynamic Button,  and More - Gizchina.com

realme 12 မှာ Android 14 အခြေပြု realme UI 5 မောင်းနှင်ထားပြီး 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ စတီရီယို စပီကာနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပြီး Twilight Purple နဲ့ Woodland Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၂၀၅ ဒေါ်လာနဲ့ 8/128GB ကို ၂၁၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ စတင် ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena