realme က 12 Series ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ realme 12 Lite လို့ အမည်ပေးထားပြီး တကယ်တော့ အရင်နှစ်က ကြေညာခဲ့တဲ့ 90Hz LCD Display , Snapdragon 685 Chipset နဲ့ 108MP Main ကင်မရာ ပါတဲ့ realme C67 4G ကို အမည်ပြောင်းထားတာ ဖြစ်ပါတယ်။

Realme 12 Lite debuts as rebadged Realme C67 4G - GSMArena.com news

realme 12 Lite မှာ 6.72” IPS LCD Display ပါလာပြီး FHD+ Resolution နဲ့ 90Hz Refresh Rate ထည့်သွင်းထားပါတယ်။ 8MP အရှေ့ ကင်မရာ ပါလာပြီး Mini Capsule 2.0 က ဆဲလ်ဖီး ကင်မရာ ပတ်လည်မှာ Notification နဲ့ သတင်းအချက်အလက်တွေ ပြသပေးပါတယ်။ အနောက်ဘက်မှာ 108MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါပါတယ်။

Realme 12 Lite debuts as rebadged Realme C67 4G - GSMArena.com news

realme 12 Lite အတွက် Sunny Oasis နဲ့ Black အရောင်တွေ ထုတ်လုပ်ထားတာက realme C67 4G နဲ့ တူညီပါတယ်။ Android 14 OS မောင်းနှင်ထားပြီး 5,000mAh Battery နဲ့ 33W Charging  ထောက်ပံ့ထားပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

realme 12 Lite ရဲ့ တန်ဖိုးအနည်းဆုံး 6/128GB Version ကို ၃၃၇ ဒေါ်လာနဲ့ 8/256GB Version ကို ၄၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ref : gsmarena