realme က Telephoto ကင်မရာ အရှေ့မှာ Periscope Lens ထည့်ထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ realme 12 Pro+ ကို ကြေညာလိုက်ပါတယ်။

Realme 12 Pro duo comes with a telephoto camera, 12 Pro+ adds a periscope lens

realme 12 Pro+ မှာ 6.7” OLED မျက်နှာပြင် တပ်ဆင်ထားပြီး 950 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 67W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Snapdragon 7s Gen 2 Chip မောင်းနှင်ထားပြီး 8GB or 12GB RAM နဲ့ 128GB or 256GB Storage ပါပါတယ်။ အနောက်ဘက်မှာ 50MP Main , 64MP Periscope Telephoto (3x Optical Zoom, OIS) နဲ့ 8MP Ultrawide Angle ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Realme 12 Pro+Realme 12 Pro+

Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး Submariner Blue နဲ့ Navigator Beige အရောင်တွေ ထုတ်လုပ်ထားပါတယ်။

realme 12 Pro+ ရဲ့ 8/128GB ကို ၃၆၀ ဒေါ်လာ၊ 8/256GB ကို ၃၈၅ ဒေါ်လာနဲ့ 12/256GB ကို ၄၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena