realme က ပြီးခဲ့တဲ့ တစ်ပတ်မှာ တရားဝင် ဝက်ဘ်ဆိုက်မှာ realme 12 Pro Series ရဲ့ Event Page ကို တင်ထားပြီး ဒီလထဲ ကြေညာမှာ ဖြစ်ပေမယ့် နေ့ရက် အတိအကျကို မဖော်ပြထားပါဘူး။ အခုတော့ ကုမ္ပဏီက ဒီလ ၂၉ ရက်နေ့မှာ realme 12 Pro Series ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Realme 12 Pro series' launch date announced

realme 12 Pro Series ကို ဒီလ ၂၉ ရက်နေ့ အိန္ဒိယမှာ ကြေညာမှာ ဖြစ်ပါတယ်။ realme က အဲဒီ Series မှာ စမတ်ဖုန်း ဘယ်နှစ်လုံးပါမလဲဆိုတာ မပြောသေးပေမယ့် realme 12 Pro နဲ့ realme 12 Pro+ တို့ ပါလာနိုင်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာ ကုမ္ပဏီက Pro+ မော်ဒယ်လို့ ထင်ရတဲ့ စမတ်ဖုန်း ဒီဇိုင်းကို ပြသခဲ့ပါတယ်။ realme ဟာ အဲဒီ Series ဒီဇိုင်းအတွက် တန်ဖိုးကြီး နာရီ ဒီဇိုင်းပညာရှင် Ollivier Saveo နဲ့ ပူးပေါင်းထားပြီး ပရီမီယမ် သားရေ ထည့်သွင်းထားပါတယ်။

Realme 12 Pro series' launch date confirmed

realme က 12 Pro Series ရဲ့ ပင်မ ကင်မရာ အနေနဲ့ 50MP Sony IMX890 Sensor ကို သုံးထားမယ်လို့ ပြောထားပါတယ်။ Periscope Telephoto ကင်မရာအတွက် 64MP OmniVision OV64B Sensor ကို သုံးထားမှာ ဖြစ်ပြီး 120x Digital Zoom ရမှာပါ။

realme 12 Pro Series ကို ကြေညာဖို့ ၂ ပတ်လောက်ပဲလိုတော့ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ထပ်မံထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena